ချဲလ်ဆီးစတားတစ်ဦးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီးအသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ မစ်ဒယ်ဘရော့ အသင်းကို ခံစစ်အားနည်းမှုကြောင့်ပေးခဲ့ရတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပွဲချိန်အများစုမှာ ဘောလုံးကိုင်ကစားခွင့်ရခဲ့သလို ၊ အခွင့်အရေးများစွာ ရရှိခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ ခံစစ်ကလည်း အိမ်ရှင်ရဲ့ တန်ပြန်တိုက်စစ်ဆင်ခြင်း ၊ အမြင့်ဘောနဲ့ ထိုးဖောက်ခြင်းတွေကို ရံဖန်ရံခါခွင့်ပြုခဲ့ရပြီး ၊ ဒါတွေကို တားဆီးနိုင်ခဲ့ခြင်းမရှိတာကြောင့် ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ မစ်ဒယ်ဘရော့ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး စတင်အခြေပြုတဲ့ နေရာမှာ အာရုံစိုက်မှု ၊ ကြိုးစားမှု အားနည်းခဲ့တဲ့ ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို အပေါ် အခုလိုပဲပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

Sky Sports ရဲ့ ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ဟက်ဆယ်ဘိန့်ခ် က “ကိုင်စီဒိုနဲ့ ပတ်သက်ပြီးပြောရရင် ဒါက တစ်ယောက်ချင်း တွေ့တဲ့ အနေအထား ဖြစ်လာပါပြီ။ ခင်ဗျားမှာ ဆုံးဖြတ်ချက် ပြတ်သားမှု ရှိရင် ၊ ဒီ One V One အခြေအနေတွေကို အရှုံးခံမှာ မဟုတ်ပါဘူး။ ဒါက ရိုးရှင်းတဲ့ အရာပါပဲ”

“ခင်ဗျားဟာ ကိုယ်ကပ်ရမဲ့ ပြိုင်ဖက်ကစားသမားနဲ့အပြိုင် ပြေးရပါမယ်။ သူနဲ့ တစ်သားတည်း ရှိနေရမှာ ဖြစ်ပြီး ၊ နောက်ဆုံး အခိုက်အတန့်မှာ ပြိုင်ဖက်ကို နည်းနည်းပါးပါး တွန်းထုတ်နိုင်ရပါမယ်။ ဒီတော့မှ သူ ဘောလုံး ထုတ်နိုင်ခြင်းမရှိမှာပါ။ အဲဒီနေရာမှာ ကိုင်စီဒိုဟာ ပြေးနေတာကို ရပ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာ ချဲလ်ဆီးဟာ ဂိုးမပေးရခင်နဲ့ ဂိုးပေးရအပြီး မိနစ်ပိုင်းအကြာမှာ တောင်ပံကစားသမား ကိုးလ်ပါလ်မာဆီကနေ အပိုင်ဂိုးသွင်းခွင့် ၃-ကြိမ်တိတိ ရခဲ့ပေမယ့် ၊ ခြင်္သေ့ပြာတို့ကို ဒီရာသီ ကယ်တင်နေကျ ဖြစ်တဲ့ ယင်းအင်္ဂလန်လက်ရွေးစင်ဟာ ဒီပွဲမှာ ထိုအခွင့်အရေးအားလုံး အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယပိုင်းမှာလည်း half-chance များစွာ ရခဲ့ပေမယ့် အဆုံးသတ်ပုံတွေ ဆိုးရွားလွန်းခဲ့တာကြောင့် ခြင်္သေ့ပြာတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျ ဒုတိယအကျော့မှာ ကြိုးစားရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ တိုက်စစ်ချဉ်းကပ်ပုံအပေါ် ဟက်ဆယ်ဘိန့်ခ်က အခုလိုပဲ သုံးသပ်သွားပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” ချဲလ်ဆီးမှာ နည်းစနစ် အခင်းအကျင်း တိတိကျကျ ရှိတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ပြိုင်ဖက် ခံစစ်ကြောင်းကို ဖြိုခွင်းဖို့ ဒီထက် ပိုလိုခဲ့ပါတယ်။ ပြိုင်ဖက် ခံစစ်မှာ နေရာလွတ်တွေပေါ်အောင် တကိုယ်ကောင်းမဆန်တဲ့ ပြေးလွှားမှုတွေ ပိုလုပ်ပေးဖို့ လိုခဲ့ပါတယ်”

“ပြိုင်ဖက် ပင်နယ်တီဧရိယာအတွင်း ရာဟင်း စတာလင် တစ်ယောက်တည်း ရှိနေတဲ့ အချိန်မျိုးတွေမှာ ဖြတ်တင်ဘော မလုပ်မိဖို့ လိုပါတယ်။ ဒါဟာ ခင်ဗျားရဲ့ အသင်းဖော်တွေအကြား ဘယ်လောက်ထိ နားလည်မှု ပြည့်နေတယ် ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီနေ့ ချဲလ်ဆီးမှာ ဒါမျိုး မရှိနေခဲ့ပါဘူး ”
“သူတို့ရဲ့ ကစားပုံက နှေးကွေးလေးလံခဲ့ပါတယ်။ ပုံသေဖြစ်နေတာများပြီး ၊ ဘိုရိုကို ပျော်ရွှင်စေတဲ့ တန်ပြန်တိုက်စစ် ဆင်ခွင့်တွေ အများကြီး ခွင့်ပြုခဲ့ရပါတယ်။ ဒါကြောင့် ဘိုရိုဟာ ဒီနေ့မှာ အန္တရာယ်ရှိတဲ့ပုံ ပေါ်ခဲ့တာပါ ။ ဒါတွေအားလုံးဟာ စိတ်ဓာတ်ခံယူချက်ကနေပဲ စတင်တာပါ ” လို့ ပြောကြားခဲ့ပါတယ်။

Source : Dailypost.ng

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဂျင်မီဖလွိုက်ဒ်ဟက်ဆယ်ဘိန့်ခ် #ချဲလ်ဆီး #မစ်ဒယ်ဘရော့ #Online #Games #Myanmar #OnlineGamesMyanmar

Loading

2 comments

  • Hello my loved one! I want to say that this post is amazing, great written and include almost all significant infos. I would like to look extra posts like this.

  • I just could not depart your web site prior to suggesting that I really loved the usual info an individual supply in your visitors Is gonna be back regularly to check up on new posts

Leave a Reply

Your email address will not be published. Required fields are marked *