
ဝက်စ်ဟမ်းပင်နယ်တီဟာ မြင်ဖူးသမျှထဲမှာ အဆိုးဝါးဆုံးတွေထဲကတစ်ခုလို့ ပရီးမီးယားလိဂ်ဒိုင်ဟောင်းဆို
ပရီးမီးယားလိဂ်ဒိုင်ဟောင်း ဟက်ကက်ချ်က ဝက်စ်ဟမ်းအသင်းရဲ့ပင်နယ်တီဟာ မြင်ဖူးသမျှဆုံးဖြတ်ချက်တတွေထဲက အဆိုးဝါးဆုံးတစ်ခုလို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာကြောင့် အခုပွဲမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဝက်စ်ဟမ်းက ဆမ်းမားရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ယူနိုက်တက်ဘက်က ကက်စ်မဲရိုးက ချေပဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီလစ်ဂျ်တစ်ယောက် ပင်နယ်တီဧရိယာထဲမှာ ဒန်နီအင့်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် VAR က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ အဆိုပါပင်နယ်တီကို ဘိုဝင်က အဆုံးသတ်ကာ ဝက်စ်ဟမ်းအတွက် လိုအပ်နေတဲ့နိုင်ပွဲကို ရယူပေးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစင်တာတွစ်တာအကောင့်ကတော့ ဒီလစ်ဂျ်ရဲ့ခြေထောက်ဟာ အင့်စ်ကို ထိခိုက်မိခဲ့တာကြောင့်လို့ တင်ထားခဲ့ပါတယ်။
“ဒီဆုံးဖြတ်ချက်က တကယ့်ကိုဆုံးဝါးလွန်းပါတယ်။ ဒီလစ်ဂျ်က အင့်စ်ကို ပြစ်ဒဏ်မကျူးလွန်ခဲ့ပါဘူ။ စကားလုံးတောင် ရှာမရတော့ပါဘူး။ အဲ့တာက တော်တော်လေး ရှော့ခ်ရစေခဲ့ပါတယ်။ တကယ့်ကို ဆိုးရွားလွန်းပါတယ်။ ကွင်းလယ်ဒိုင်က မပေးခဲ့ပေမဲ့ VAR က ပေးခဲ့တာပါ။ တန်ဟက်ဘက်ကကြည့်ရင် ဒေါသထွက်စရာပါ။ အဲ့တာက ပင်နယ်တီမဟုတ်ဘူးဆိုတာ သေချာပါတယ်။
အတိတ်တုန်းက ကျွန်တော် ဒိုင်တွေ နဲ့ တာဝန်ရှိသူတွေအကြောင်း ပြောခဲ့ပါတယ်။ အိုလီဗာက နံပတ် ၁ ကွင်းလယ်ဒိုင်ပါ။ ပြီးတော့ ကော့တီက နံပတ် ၈ နေရာမှာရှိနေပါတယ်။ သူက အလေးမထားတတ်ဘူးဆိုလိုတာမဟုတ်ပါဘူး။ အဲ့တာက မှားယွင်းနေတယ်ဆိုတာကို ထောက်ပြတာပါ။ အိုလီဗာရဲ့ဆုံးဖြတ်ချက်ကိုပဲ အတည်ယူရမှာပါ”လို့ ထောက်ပြခဲ့ပါတယ်။ ပွဲအပြီးမှာ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး တန်ဟက်က “အဲ့တာက မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ရာသီမတိုင်ခင် VAR နဲ့ပတ်သက်လို့ ညွှန်ကြားချက်တွေရှိပါတယ်။ အဲ့တာက သေချာတဲ့အမှားတွေမှာမှ ဝင်ရောက်စွက်ဖက်ရမယ်ဆိုတာပါ။
ဒါက ကွင်းလယ်ဒိုင်နဲ့တင်ပြီးရမှာပါ။ စိတ်ပျက်ပေမဲ့ ဘာမှမလုပ်နိုင်တော့ပါဘူး။ အခုတော့ အမှတ်လျော့ခဲ့ပါပြီ။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရပါမယ်။ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သလို အခွင့်အရေးတွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ခင်ဗျားအရေးနိမ့်ပြီဆိုရင် ဆိုးဝါးတဲ့ခံစားချက်တော့ ဖြစ်ပါတယ်။ ကျွန်တော် သူတို့နဲ့စကားပြောပါမယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်က ချပြီးပါပြီ။ နောက်ပြန်လှည့်လို့မရတော့ပါဘူး။
ဒါကဘောလုံးပါ။ အခုလိုမျိုး တရားမမျှတသလိုဖြစ်တာ ၃ ကြိမ်မြောက်ပါ။ အဲ့တာက ကျွန်တော်တို့အသင်းကို ကြီးကြီးမားမားထိခိုက်စေပါတယ်။ အမှတ်ပေးဇယားကိုပါ ထိခိုက်စေပါတယ်။ အဲ့တာက မမှန်ပါဘူး”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
Source: unitedinfocus.com
#မန်ချက်စတာယူနိုက်တက် #ဝက်စ်ဟမ်း #ဒီလစ်ချ် #အဲရစ်တန်ဟက် #ဒန်နီအင့်စ် #ပရီးမီးယားလိဂ် #ပင်နယ်တီ
Wow amazing blog layout How long have you been blogging for you made blogging look easy The overall look of your web site is magnificent as well as the content