ဆန်းတို့စ်နဲ့ပြန်လည်ချိတ်ဆက်တော့မဲ့ နေမာ

လစာအများအပြားလျှော့ယူပြီး ငယ်ဘဝကလပ် ဆန်းတို့စ်နဲ့ပြန်လည်ချိတ်ဆက်တော့မဲ့ နေမာ

ဘရာဇီးလ်ဂန္ထဝင်ကစားသမား နေမာဂျူနီယာဟာ လက်ရှိ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလယ်ကနေ ထွက်ခွာကာ လစာအများ အပြားလျှော့ချပြီး ငယ်ဘဝမွေးရပ်မြေကလပ် ဆန်းတို့စ်သို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆန်းတို့စ်နဲ့ပြန်လည်ချိတ်ဆက်တော့မဲ့ နေမာ jdbkx

အယ်လ်ဟီလယ်မှာရုန်းကန်နေရတဲ့ နေမာအနေနဲ့ ယခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းခင်မှာဘဲ အရှေ့အလယ်ပိုင်းဒေသကနေ ထွက်ခွာဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ၂၀၂၃ ခုနှစ်နွေရာသီမှာ အရှေ့အလယ်ပိုင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ကစားသမားဘဝအသစ်စတင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒဏ်ရာပြဿနာတွေကြောင့် ၁ နှစ်ခွဲတာကာလအတွင်း မှာ စုစုပေါင်း ၇ ပွဲသာကစားခွင့်ရခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်နဲ့ ၆ လစာချုပ်ကျန်ရှိနေသေးတာကြောင့် ဆန်းတို့စ်သို့ ဘယ်လိုသဘောတူညီမှုစာချုပ်မျိုးနဲ့ ပြောင်းရွှေ့သွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ဘာစီလိုနာကြယ်ပွင့်ဟောင်းအနေနဲ့ သူ့ရဲ့လက်ရှိဆော်ဒီကလပ်နဲ့စာချုပ်ကို ဖျက်သိမ်းပြီး ဘရာဇီးကလပ်သို့ အပြီးသတ်ပြောင်းရွှေ့ဖို့နည်းလမ်းရှိနေသလို၊ အငှားစာချုပ်နဲ့ထွက်ခွာဖို့လည်း အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

သတင်းတွေအရ နေမာဟာ သူ့အနေနဲ့ ဆန်းတို့စ်သို့ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင် လက်ရှိဆော်ဒီမှာရရှိနေတဲ့ လစာပမာဏထက် အများအပြားလျှော့ယူသွားမယ်လို့သိရပါတယ်။

အယ်လ်ဟီလယ်နည်းပြ ဂျော့ဂျ်ဂျီးဆပ်ကတော့ လက်ရှိနေမာရဲ့ဒဏ်ရာအခြေအနေကြောင့် ကစားသမားကို ဒုတိယရာသီဝက်အတွက် ကစားသမားမှတ်ပုံတင် ပြုလုပ်ပေးသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ငယ်ဘဝကလပ်နဲ့ မျှော်လင့်ထားတာထက်ပိုပြီး လျင်လျင်မြန်မြန်ချိတ်ဆက်သွားနိုင်ချေရှိနေပါတယ်။

Source : goal.com

Loading

Leave a Reply

Your email address will not be published. Required fields are marked *