
မာရက်စ်ကာနဲ့ ဘာတွေပြောခဲ့လဲ ဆိုတာ ဖွင့်ဟလာတဲ့ ဆန်ချို
ချဲလ်ဆီး အသင်းဟာ မကြာသေးခင်ကမှ ပိတ်သိမ်းသွားတဲ့ နွေရာသီ ဈေးကွက်ရဲ့ Deadline Day မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် တောင်ပံကစားသမား ဂျေဒွန်ဆန်ချိုကို တစ်ရာသီ အငှား + အပြီးသတ် မဖြစ်မနေ ခေါ်ယူခွင့် ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
ဒေါ့မွန်မှာ အံ့သြဖွယ် စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးခဲ့တဲ့ ဆန်ချိုဟာ မန်ချက်စတာမှာ ၃-ရာသီကြာ ကစားခဲ့ပြီး ၊ အဆင်မပြေမှုများစွာ ကြုံတွေ့ခဲ့ရပါတယ် ။ အထူးသဖြင့် နည်းပြဖြစ်သူ အဲရစ်တမ်ဟဂ်နဲ့ ပုဂ္ဂိုလ်ရေးအရရော ၊ နည်းစနစ်ပိုင်းမှာပါ မပြေလည်မှုတွေ ဆန်ချိုတစ်ယောက် ရင်ဆိုင်ထားရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်သို့ ၆ လအငှား ပြောင်းရွှေ့ခဲ့လို့ ၊ ဆန်ချိုဟာ ပျောက်ဆုံးနေခဲ့တဲ့ ရစ်သမ် တချို့ ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ၊ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ သို့ပေမဲ့ တမ်ဟဂ်က ၎င်းကို မန်ယူနိုက်တက်မှာ နေရာ ဆက်မပေးတော့လို့ ၊ အခုအခါမှာ ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
မန်စီးတီး အကယ်ဒမီထွက် ဖြစ်တဲ့ ဆန်ချိုဟာ ချဲလ်ဆီး ကစားသမားသစ် ပထမဆုံး အင်တာဗျူးမှာ ပက်ဂွာဒီယိုလာ လက်ထောက်အဖြစ် မန်စီးတီးမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ လက်ရှိချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာနဲ့ ဖုန်းမှာ ဘာတွေ ဆွေးနွေးဖလှယ်ခဲ့လဲ ဆိုတာ အခုလိုပဲ ပြန်လည်ဖွင့်ဟလာပါတယ်။
ဆန်ချို က ”မန်နေဂျာက ကျွန်တော့ကို အမှန်တကယ် စိတ်ဝင်စားလာအောင် ဒီစီမံကိန်းဆီ ဆွဲခေါ်လာပါတယ် ။ ကျွန်တော်ဟာ သူ မန်စီးတီးမှာ ပက်ဂွာဒီယိုလာ လက်အောက်မှာ အလုပ်လုပ်ခဲ့တဲ့ အချိန်တည်းက သိခဲ့တာပါ။ ”
”ဒီမှာ သူ ဘာတွေ တည်ဆောက်နေလဲ ၊ ဒီပရောဂျက် ဘာအကြောင်းတွေလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပါတယ်။ ကျွန်တော့လို လူငယ်ကစားသမား တစ်ယောက် အနေနဲ့ ဒါက စိတ်လှုပ်ရှားစရာကောင်းပြီး ၊ ချဲလ်ဆီးမှာ စတင် ကစားရဖို့ မစောင့်နိုင်တော့ပါဘူး။ ”
”သူတို့ဟာ ကျွန်တော့်ကို အကြောင်းအရင်း တစ်ခုကြောင့် ခေါ်ယူခဲ့တာ ဖြစ်ပြီး ၊ ဒီအတွက်ကျွန်တော် ကူညီပံ့ပိုးပေးရပါမယ်။ ဒီအတွက် ကျွန်တော်အသင့်ဖြစ်နေပါပြီ ။ သူ့ရဲ့ ကစားပုံ စတိုင်လ်ကို ကျွန်တော် နှစ်သက်ပါတယ်။ တောင်ပံ ကစားသမားတွေ ဘောလုံးရတဲ့အခါ ၊ သူဟာ တောင်ပံကစားသမားတွေကို တစ်ဦးချင်း ကျော်ဖြတ် ထိုးဖောက်စေပါတယ် ။ ”
”ကျွန်တော်တို့ဟာ နံပါတ် ၁၀ ကစားသမားတွေနဲ့ one two ရိုက်ပြီး ၊ တိုက်စစ်မှူးတွေနဲ့ ချိတ်ဆက်ကစားပါတယ်။ ဒါက ဆွဲဆောင်မှု ရှိတဲ့ ကစားဟန်ဖြစ်ပြီး ၊ ဒါက ကျွန်တော်ကစားတဲ့ စတိုင်လ်ပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးမှာ ဆန်ချို မတိုင်ခင် မန်စီးတီး အကယ်ဒမီထွက် ကစားသမား ၂-ဦး ရောက်နှင့်နေပြီး ၊ ၎င်းတို့က ခံစစ်မှူး တိုစင် အဒါရာဘီယိုယိုနဲ့ ကွင်းလယ်တိုက်စစ် ကြယ်ပွင့် ကိုးလ်ပါလ်မာတို့ ဖြစ်ပါတယ်။ ဒီစတား ၂ ဦးနဲ့ ပတ်သက်ပြီးလည်း ဆန်ချိုက အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။
ဆန်ချို က ”တိုစင်ကို ကျွန်တော် သိပြီး ၊ ကိုးလ်ပါလ်မာက ကျွန်တော် စီးတီးမှာ ရှိတုန်းက ကျွန်တော့ထက် အသက်ငယ်ပါတယ်။ သူတို့ ၂ ယောက်လုံးနဲ့ စကားပြောဖို့ ကျွန်တော်အခွင့်အရေး မရသေးပါဘူး။ ဒါပေမဲ့ မကြာခင် ကျွန်တော် ပြောနိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ သူတို့ကလည်း ကျွန်တော့်ကို ကူညီပေးကြမှာ သေချာပါတယ်။”
”ကျွန်တော်ဟာ အသင်းအတွက် ဂိုးတွေ ၊ ဖန်တီးမှုတွေ ယူဆောင်ပေးချင်ပါတယ်။ ကျွန်တော်ဟာ နည်းစနစ် ကျွမ်းကျင်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီး ၊ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ စိတ်လှုပ်ရှားမှုတွေ ယူဆောင်ပေးချင်ပါတယ်။ အားလုံး အဆင်ပြေဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Source: standard.co.uk
#jdbkx.net #ဆန်ချို #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Simply wish to say your article is as amazing The clearness in your post is just nice and i could assume youre an expert on this subject Well with your permission let me to grab your feed to keep updated with forthcoming post Thanks a million and please carry on the gratifying work
What i do not understood is in truth how you are not actually a lot more smartlyliked than you may be now You are very intelligent You realize therefore significantly in the case of this topic produced me individually imagine it from numerous numerous angles Its like men and women dont seem to be fascinated until it is one thing to do with Woman gaga Your own stuffs nice All the time care for it up
I have been surfing online more than 3 hours today yet I never found any interesting article like yours It is pretty worth enough for me In my opinion if all web owners and bloggers made good content as you did the web will be much more useful than ever before