
ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားတဲ့ ဆန်ချိုထံ သတိပေးစကား ဆိုလိုက်တဲ့ တော့တင်ဟမ် နောက်ခံလူဟောင်း
ချဲလ်ဆီး အသင်းဟာ ယနေ့မနက် နွေရာသီ ဈေးကွက် ပိတ်သိမ်းဖို့ နာရီပိုင်း အလိုမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် တောင်ပံ ကစားသမား ဂျေဒွန် ဆန်ချိုကို တစ်ရာသီ အငှား + ခြေစွမ်းအပေါ် မူတည်ပြီး အပြီးသတ် မဖြစ်မနေ ခေါ်ယူခွင့် ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၂၄ နှစ် အရွယ်ရှိ ဆန်ချိုဟာ လွန်ခဲ့တဲ့ ၃ ရာသီကမှ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်သို့ မြင့်မားတဲ့ တန်ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပေမဲ့ ၊ မျှော်မှန်းထားသလောက် ခြေစွမ်း မပြနိုင်ခဲ့သလို ၊ လက်ရှိ နည်းပြ အဲရစ် တမ်ဟဂ်နဲ့လည်း ဆက်ဆံရေး မပြေလည်မှုတွေ ရှိထားပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်မှာ အသင်းဟောင်း ဒေါ့မွန်ထံသို့ ၆ လ အငှားထွက်ခဲ့ပြီး ၊ ခြေစွမ်း အတော်အသင့် ပြသနိုင်ခဲ့ပေမဲ့ ၊ ဆန်ချိုကို ဒေါ့မွန်ဖက်က အပြီးသတ် မခေါ်ခဲ့ပါဘူး။ ဒါ့အပြင် တမ်ဟဂ် ကိုယ်တိုင်ကလည်း ဆန်ချိုကို ရောင်းထုတ်ဖို့ ပစ်မှတ်ထားခဲ့ပြီး ၊ အခုအခါမှာတော့ ၎င်းအတွက် အသင်းသစ် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။
ဆန်ချိုဟာ Deadline Day မှာ ချဲလ်ဆီးထံက ချဉ်းကပ်မှု ရရချင်း မီးစိမ်းပြခဲ့ပြီး ၊ လစာလျှော့ယူကာ ၊ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့ဖို့ ချက်ချင်း ခေါင်းငြိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ခြင်္သေ့ပြာတို့ဆီမှာ ဆန်ချို တစ်ယောက် ဒေါ့မွန်တုန်းက စွမ်းဆောင်ရည်မျိုး ထုတ်ပြနိုင်ဖို့ ရှိမရှိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တော့တင်ဟမ် နောက်ခံလူဟောင်း မိုက်ကယ် ဒေါ်ဆင်ကတော့ တောင်ပံတိုက်စစ် ကစားသမား အများအပြား ရှိနေတဲ့ ချဲလ်ဆီးထံသို့ ဆန်ချို ပြောင်းရွှေ့သွားတာက အဓိပ္ပာယ် မရှိဘူးလို့ ယူဆနေပြီး ၊ ချဲလ်ဆီးဟာ ၎င်းလိုချင်တဲ့ ပုံမှန် ပွဲကစားခွင့်တွေ ပေးသွားမှာ မဟုတ်ကြောင်း သတိပေးလိုက်ပါတယ်။
Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ဒေါ်ဆင် က ” ချဲလ်ဆီးမှာ ရှိနေတဲ့ တောင်ပံ ကစားသမား စာရင်းကို ကြည့်လိုက်တဲ့အခါ ဒါက ကျွန်တော့ အတွက် အံ့အားသင့်စရာကောင်းတဲ့ အပြောင်းအရွှေ့ တစ်ခုဖြစ်ခဲ့ပါတယ်။ ဂျေဒွန် ဆန်ချိုဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ”
”သူဟာ ဘိုရုရှား ဒေါ့မွန်မှာတုန်းက စူပါစတား တဦး ဖြစ်ခဲ့ပါတယ်။ ဒါကို မမေ့ကြပါနဲ့ ။ ယူနိုက်တက်ဆီ ပြောင်းရွှေ့ပြီးတဲ့နောက် ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး ။ ဒါပေမဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့တာက ဘာထူးခြားမှုများ ရှိသွားမှာမို့လဲ? ”
”သူ ချဲလ်ဆီးမှာ ဘယ်နေရာမှာ ကစားမလဲ ? သူ့အနေနဲ့ ပုံမှန် ကစားခွင့်ရမဲ့အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ ကျွန်တော် ရိုးရိုးသားသား တွေးထင်ခဲ့တာပါ။ သူဟာ တစ်ပတ်ပြီးတစ်ပတ် ကစားခွင့် ရချင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။”
”ချဲလ်ဆီးမှာဆို သူဟာ ခင်ဗျား ယုံနိုင်လောက်မှာ မဟုတ်တဲ့ တစ်ပွဲဝင် တပွဲနား ပုံစံနဲ့ပဲ ကစားခွင့် ရပါလိမ့်မယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ လုံးဝ ရူးလောက်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ ခင်ဗျားဟာ စတာလင် နေရာအတွက် ဆန်ချိုနဲ့ ပြန်ဖြည့်တယ် ဆိုတာက ကျွန်တော့်ကို အံ့သြသွားစေပါတယ်။”
”ယူနိုက်တက်မှာ ဒါက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒေါ့မွန်မှာတော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ဒေါ့မွန်က သူ့အတွက် နေအိမ်သဖွယ် ဖြစ်ပုံပေါပြီး ၊ သူအဲဒီမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာပါ။ သူ ကစားပေးခဲ့တဲ့ ကလပ်တွေက မယုံနိုင်ဖွယ်ကောင်းပေမဲ့ ၊ သူ့အနေနဲ့ ပုံမှန်ကစားခွင့် ရဖို့ လိုပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
#jdbkx.net #ဆန်ချို #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
helloI really like your writing so a lot share we keep up a correspondence extra approximately your post on AOL I need an expert in this house to unravel my problem May be that is you Taking a look ahead to see you
I was suggested this web site by my cousin Im not sure whether this post is written by him as no one else know such detailed about my trouble You are incredible Thanks
I am not sure where youre getting your info but good topic I needs to spend some time learning much more or understanding more Thanks for magnificent info I was looking for this information for my mission
I just could not leave your web site before suggesting that I really enjoyed the standard information a person supply to your visitors Is gonna be again steadily in order to check up on new posts
Thank you for the good writeup It in fact was a amusement account it Look advanced to far added agreeable from you However how could we communicate