ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရတာ မနှစ်သက်ဆုံး အသင်းနဲ့ အနှစ်သက်ဆုံး အသင်းကို ပြောပြလိုက်တဲ့ မော်ရင်ညို

ဂျိုဆေးမော်ရင်ညိုက သူဟာ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်နေတဲ့ ကာလအတွင်းမှာ စိန့်ဂျိမ်းပက်မှာ သွားကစားရတာ ဘယ်တော့မှ မနှစ်သက်ခဲ့ဘူးလို့ ၀န်ခံလိုက်ပြီး နယူးကာဆယ်ဟာ သူ့အတွက် နတ်ဆိုးလိုပဲလို့ ညွှန်းဆိုသွားခဲ့ပါတယ်။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ချဲလ်ဆီး (၂ ကြိမ်) မန်ယူနိုက်တက် တော့တင်ဟမ် တို့ကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ရိုးမားကနေ ထုတ်ပယ်ခံခဲ့ရပီးနောက် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ပေါ်တူဂီနည်းပြဟာ သူ့ရဲ့ ပရီးမီးယားလိဂ် မန်နေဂျာဘ၀မှာ ဖာဂူဆန် ၊ အာဆင်၀င်းဂါး ၊ ဂွာဒီယိုလာ ၊ ကလော့ စတဲ့ ထိပ်တန်းနည်းပြတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ စပယ်ရှယ်၀မ်းဟာ ချဲလ်ဆီး နည်းပြဘ၀မှာ သူ့အတွက် အမြဲတမ်း ရလဒ်ကောင်းလေ့ရှိတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရတာကို နှစ်သက်တယ်လို့ ပြောလိုက်ပေမယ့် နယူးကာဆယ်ကွင်းကို သွားကစားရတာကိုတော့ ဒီလိုမဟုတ်ဘူးလို့ ပြောသွားပါတယ်။

“မန်နေဂျာတွေနဲ့ မဟုတ်ပါဘူး။ ကလပ်တွေနဲ့ ရင်ဆိုင်ရတာကို ပြောတာပါ။ လူတွေက ကျွန်တော်နဲ့ အာဆင်၀င်းဂါး တို့ ကွင်းဘေးစည်းမှာ စကားလုံး တိုက်ပွဲဆင်နွှဲခဲ့တဲ့ အကြောင်း ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အာဆင်နယ်ကို အနိုင်ရတဲ့ အခါတိုင်း အတော်လေးကို နှစ်သက်မိပါတယ်။ ဘာလို့လဲဆိုတော့ အမြဲတမ်းလိုလို ချဲလ်ဆီးပဲ နိုင်နေလို့ပါ။ ဒါဟာ ကျွန်တော် enjoy ဖြစ်တဲ့ အရာပါပဲ။

နယူးကာဆယ်ကွင်းမှာ ကစားရတာကိုတော့ မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တစ်ခါမှ မနိုင်လို့ပါ။ နယူးကာဆယ်ကို သွားကစားတဲ့ အခါတိုင်း ရှုံးရင်ရှုံး မဟုတ်ရင် သရေကျတာပါပဲ။ ကျွန်တော် ချဲလ်ဆီး ၊ မန်ယူနိုက်တက် ၊ တော့တင်ဟမ် တို့နဲ့ တစ်ကြိမ်လောက်တော့ စိန့်ဂျိမ်းပက်မှာ နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ၁၀ -ပွဲမှာ ၁ -ပွဲ ၂- ပွဲ လောက်ပဲ နိုင်တာပါ။

အလန်ပါဂျူး or အလာဒိုက် အခြား နယူးကာဆယ် နည်းပြတွေနဲ့ ပြိုင်ဆိုင်မှုကတော့ မရှိခဲ့ပါဘူး။ စိန့်ဂျိမ်းပက်ကို သွားကစားရတာ ကတော့ အရမ်း အရမ်းကို ခက်ခဲတယ်ဆိုတာ ကျွန်တော် သိနေခဲ့တာပါ”

Source : thechelseachronicle.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #ဂျိုဆေးမော်ရင်ညို #ချဲလ်ဆီး #အာဆင်နယ် #နယူးကာဆယ် #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

Leave a Reply

Your email address will not be published. Required fields are marked *