
ဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့ဖို့ စဉ်းစားလာတဲ့ မော်ရင်ဟို
သတင်းတွေအရ ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုတစ်ယောက် ဝက်စ်ဟမ်းအသင်းထံပြောင်းရွှေ့ဖို့ စဉ်းစားလာတယ်လို့ သိရပါတယ်။
ပေါ်တူဂီသားဟာ တူရကီလိဂ်ရဲ့ဒိုင်တွေကို ဝေဖန်ခဲ့သလို လက်ရှိမှာလည်း သူ့အသင်းက ဂါလာတာစာရေးရဲ့နောက် ၅ မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။
အဆိုပါအနေအထားမှာ မော်ရင်ဟိုကို အဲဗာတန် နဲ့ နယူးကာဆယ်တို့အပြင် ဝက်စ်ဟမ်းကပါချိတ်ဆက်နေတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းဟာ နွေရာသီတုန်းက လိုပက်တီဂူကို ခန့်အပ်ခဲ့ပေမဲ့ ဒီရာသီပရီးမီးယားလိဂ်မှာ ၄ ပွဲသာအနိုင်ရရှိထားတာကြောင့် အထုတ်ခံရဖို့ အခြေအနေများနေပါတယ်။
မော်ရင်ဟိုကလည်း လန်ဒန်ကိုပြန်လာချင်နေပြီး ဝက်စ်ဟမ်းနည်းပြနေရာအတွက် စိတ်ဝင်စားနေပါတယ်။ “ကျွန်တော် ဘာကြားခဲ့လဲဆိုတာက စိတ်ဝင်စားစရာပါ။ သူ့ရဲ့အိမ်က လန်ဒန်မှာရှိနေပါသေးတယ်။ ဒါကြောင့် ဘာမဆိုဖြစ်လာနိုင်ပါတယ်။ လန်ဒန်ကိုပြန်လာနိုင်မဲ့ အခွင့်အရေးရှိနေမယ်ဆိုရင် သူပြန်လာနိုင်ချေရှိနေပါတယ်။
ကျွန်တော်တို့အားလုံး သူအင်္ဂလန်ကိုပြန်လာချင်တယ်ဆိုတာ သိပါတယ်။ ဒါကြောင့် တူရကီကနေ လန်ဒန်ကိုပြန်လာဖို့ဆိုတာ အကြာကြီးဆွဲဆောင်ဖို့ မလိုဘူးလို့ ထင်ပါတယ်။
လိုပက်တီဂူအခြေအနေကို ဝက်စ်ဟမ်းဘက်က ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မူတည်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မော်ရင်ဟိုအခြေအနေကို စောင့်ကြည့်နေပါတယ်။
သူ့ဘက်ကလည်း ပြန်လာနိုင်ချေအတွက် လမ်းဖွင့်ထားတယ်ဆိုတာ ဖြစ်နိုင်ချေရှိနေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဖီနာဘာချီနဲ့အခြေအနေအပေါ်မှာလည်း မူတည်နေပါတယ်”လို့ သတင်းထောက်တစ်ဦးက ဖြေကြားခဲ့ပါတယ်။
အသင်းသစ်မပြောင်းခင်မှာ မော်ရင်ဟိုအနေနဲ့ လာမဲ့ ပရာဟာနဲ့ယူရိုပါလိဂ်ပွဲကို အာရုံစိုက်ရမှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဝက်စ်ဟမ်းဟာ လာမဲ့တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source : footballinsider247.com
#ဖီနာဘာချီ #မော်ရင်ဟို #ဝက်စ်ဟမ်း #တူရကီလိဂ် #ဂါလာတာစာရေး #အဲဗာတန် #နယူးကာဆယ် #လန်ဒန် #ပရီးမီးယားလိဂ် #အာဆင်နယ်
For the reason that the admin of this site is working, no uncertainty very quickly it will be renowned, due to its quality contents.