Arsenal icon admitted his £42m transfer was a serious mistake

အာဆင်နယ်ထံပြောင်းရွှေ့ခဲ့တာက ဆိုးဝါးတဲ့အမှားလို့ အိုဇေးလ်ဝန်ခံခဲ့ကြောင်း ခီဒီရာ အခိုင်အမာဆို

အာဆင်နယ်စတားဟောင်း အိုဇေးလ်တစ်ယောက် ရီးရဲလ်ကနေ အာဆင်နယ်ထံပြောင်းရွှေ့ခဲ့တာက ဆိုးဝါးတဲ့အမှားဖြစ်တယ်လို့ ဝန်ခံလာကြောင်း ရီးရဲလ်စတားဟောင်း ခီဒီရာ အခိုင်အမာဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၃ စက်တင်ဘာနောက်ဆုံးရက်တုန်းက အိုဇေးလ်ကို ပေါင် ၄၂.၅ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Sami Khedira claims Arsenal icon admits his £42m transfer was a 'serious mistake'

အဆိုပါအပြောင်းအရွှေ့ကြောင့် အိုဇေးလ်ဟာ တောရက်စ် နဲ့ တိဗက်ဇ်တို့ပြီးနောက် ဗြိတိန်လောကရဲ့ဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဂျာမန်သားဟာ ရီးရဲလ်အသင်းမှာ ဘန်ဇီးမား ၊ ရော်နယ်ဒိုတို့နဲ့အတူ တွဲကစားရင် အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ခီဒီရာကလည်း ရီးရဲလ်အသင်းမှာ အိုဇေးလ်နဲ့အတူ ကစားခဲ့တာဖြစ်သလို ဂျာမနီအသင်း ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရာမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ခီဒီရာက ရော်နယ်ဒို ၊ ဘန်ဇီးမား ၊ ရာမို့စ် နဲပ အိုဇေးလ်တို့ဟာ ရီးရဲလ်ရဲ့အဓိကကစားသမားတွေဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့သလို အိုဇေးလ်ကိုရောင်းထုတ်ခဲ့တဲ့ ပီရက်ဇ်ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။

“လူတိုင်းက ရော်နယ်ဒိုကိုနားလည်ကြပါတယ်။ ပွဲတွေအနိုင်ရဖို့ဆိုတာက ရော်နယ်ဒိုက အဓိကကျပါတယ်။ ဘာလို့လဲဆိုတော့ သူကဘယ်တုန်းကမှ မကျရှုံးခဲ့ပါဘူး။ သူက အမြဲတမ်းအဲ့နေရာမှာရှိနေတာပါ။

ကျွန်တော်တို့ဂိုးတွေလိုအပ်တယ်ဆိုရင် ခရစ္စတီယာနိုဆီကို ဘောလုံးပို့ပေးလိုက်ယုံပါပဲ။ ဒါပေမဲ့ အိုဇေးလ်ကလည်း ကျွန်တော့်အတွက် အရေးအပါပါဆုံးကစားသမားပါ။ သူ့ထွက်ခွာမှုကို ကျွန်တော်ရှင်းပြခဲ့ပါတယ်။ မီဆွတ်ထွက်ခွာတဲ့နေ့တုန်းက ကျွန်တော်တို့အားလုံးပီရက်ဇ်ကို မေးခဲ့ပါတယ်။ ဘာကြောင့်သူ့ကိုရောင်းထုတ်တာလဲဆိုပြီး မေးခဲ့ပါတယ်။ ဘန်ဇီးမားအပါအဝင် ၊ ရာမို့စ် ၊ ခရစ္စတီယာနို နဲ့ အိုဇေးလ်တို့က တကယ့်အံ့ဖွယ်တွေပါ။

ကျွန်တော် သူတို့နောက်မှာကစားရပေမဲ့ ဆိုးဝါးတဲ့ဘောလုံးပေးပို့မှုတောင် သူက ထိန်းသိမ်းနိုင်ပါတယ်။ ကျွန်တော် ဒီလိုအရည်အချင်းမျိုးနဲ့ကစားသမားမျိုးမမြင်ဖူးပါဘူး။ အိုဇေးလ်ဆက်နေရင် ဘော်လွန်းဒီအော်ရမလားဆိုတာ ကျွန်တော်မသိပါဘူး။ ဘာလို့လဲဆိုတော့ ဒီမှာက မက်ဆီ ၊ ရော်နယ်ဒို ၊ အင်နီယေစတာ နဲ့ ဇာဗီတို့ရှိနေလို့ပါ။ ကျွန်တော့်အတွက် မီဆွတ်က ဘော်လွန်းဒီအော်ဆုရှင်ပါပဲ။

သူ့မှာ အလားအလာကောင်းတွေအများကြီးရှိနေပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ကစားသမားဘဝလည်း ရှိခဲ့ပါတယ်။ ရီးရဲလ်မှာတုန်းက မတူညီတဲ့အခြေအနေပါ။ သူဒီကနေထွက်ခွာတာက အမှားကြီးတစ်ခုလို့ ဝန်ခံလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာသူအကုန်ရနေခဲ့တာပါ။

Florentino Perez sold Ozil to Arsenal

ဘာနေဗျူးကလည်း သူ့ကိုချစ်ပါတယ်။ သူက နတ်သားတစ်ပါးလိုကစားနေတာပါ။ မီဆွတ်က ဇီဒန်းကိုကြိုက်ပါတယ်။ ကျွန်တော်အားကျရတဲ့သူကလည်း ဇီဒန်းပါ။ ဇီဒန်း နဲ့ မီဆွတ်က ဆင်တူကြပါတယ်”လို့ ခီဒီရာက ပြောကြားခဲ့ပါတယ်။

 

Source : metro.co.uk

Loading

Leave a Reply

Your email address will not be published. Required fields are marked *