အမ်ဘာပေမရှိတဲ့နောက်ပိုင်း ပီအက်စ်ဂျီ

အမ်ဘာပေမရှိတဲ့နောက်ပိုင်းမှာ ပီအက်စ်ဂျီပိုကောင်းလာတယ်လို့ အခိုင်အမာဆိုလိုက်တဲ့ အင်းနရစ်

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က အသင်းဟာ စူပါစတားတိုက်စစ်မှူး ခီလီယန်အမ်ဘာပေကို လက်လွှတ်လိုက်ရပေမဲ့ တိုက်စစ်နဲ့ခံစစ် ဟန်ချက်ညီနေဆဲဖြစ်ပြီး ကစားပုံပိုကောင်းလာတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အမ်ဘာပေမရှိတဲ့နောက်ပိုင်း ပီအက်စ်ဂျီ jdbkx

ပီအက်စ်ဂျီနဲ့အတူ ပြည်တွင်းအောင်မြင်မှုအမျိုးမျိုး ဆွတ်ခူးနိုင်ခဲ့တဲ့ အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာတော့ ပြင်သစ်မြေကိုစွန့်ခွာပြီး သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချိတ်ဆက်ခဲ့ပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ရာသီက ပွဲစဉ်အများအပြားမှာ အမ်ဘာပေကိုချန်လှပ်ထားခဲ့တဲ့ အင်းနရစ်က အသင်းဟာ ပြင်သစ်စူပါစတားမရှိတော့ပေမဲ့ ပိုကောင်းတဲ့အသင်းဖြစ်လာခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်းနရစ်က “ပြီးခဲ့တဲ့ရာသီမှာကတည်းက ကျွန်တော်တို့အသင်းဟာ တိုက်စစ်မှာရော၊ ခံစစ်မှာပါ ပိုကောင်းလာခဲ့တယ်လို့ ကျွန်တော်ရဲရဲဝံ့ဝံ့ပြောခဲ့ပါတယ်။ အခုလည်း အဲဒါကို ယုံကြည်နေတုန်းပါပဲ။ အချက်အလက်တွေက ကျွန်တော်ပြောတာမှန်ကန်ကြောင်း သက်သေပြပါလိမ့်မယ်။ အသင်းရဲ့ကစားသမားတွေက အချက်အလက်တွေပိုကောင်းလာဖို့ စိန်ခေါ်ထားကြပါတယ်”

“ကျွန်တော်တို့ အမ်ဘာပေကို ထိန်းသိမ်းချင်ခဲ့တာတော့အမှန်ပါပဲ။ သူ့ကိုလူတိုင်းက သဘောကျတယ်လေ။ ဒါပေမဲ့ သူမရှိတဲ့အချိန်မှာလည်း အသင်းက တုံ့ပြန်မှုအရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဂိုး ၄ဝ လောက်သွင်းနိုင်တဲ့ကစားသမားတစ်ယောက်ထက် အသင်းရဲ့ကစားသမားတွေအားလုံး ဂိုးသွင်းနိုင်ဖို့ကို ပိုပြီးတော့ လိုချင်ပါတယ်။

ဒီအတိုင်းဆက်လက်တိုးတက်အောင် ကြိုးစားသွားရပါမယ်။ ကျွန်တော်တို့မကြုံချင်ခဲ့တဲ့ အခြေအနေတစ်ခုကို ဖြတ်ကျော်နိုင်ဖို့ကြိုးစားသွားရပါမယ်။ အသင်းက အခုချိန်မှာ အများကြီးရင့်ကျက်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီဟာ ပြည်တွင်းဖလား ၂ လုံးဆွတ်ခူးခဲ့ပြီး လီဂူးဝမ်းပွဲစဉ်တစ်ပွဲမှာ ၂.၂ မှတ်နှုန်းအထိ စုဆောင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာမှာလည်း ပီအက်စ်ဂျီဟာ လီဂူးဝမ်းမှာ ရှုံးပွဲမရှိသေးဘဲ တစ်ပွဲကို ၂.၅ မှတ်နှုန်းရရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း အင်းနရစ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာတော့ ပုံစံကောင်းရဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ပီအက်စ်ဂျီအနေနဲ့ အမ်ဘာပေမရှိချိန်မှာ ပိုကောင်းလာသလား၊ ပိုဆိုးသွားသလားဆိုတာကို ရာသီကုန်မှသာ အတိအကျသိရမှာဖြစ်ပါတယ်။ လာမဲ့စနေနေ့မှာတော့ ပြင်သစ်ချန်ပီယံကလပ်ဟာ လီဂူးဝမ်းပွဲစဉ်အဖြစ် မိုနာကိုကို အိမ်ကွင်းမှာဧည့်ခံကစားသွားရပါမယ်။

Source: goal.com

Loading

One comment

  • I just could not leave your web site before suggesting that I really enjoyed the standard information a person supply to your visitors Is gonna be again steadily in order to check up on new posts

Leave a Reply

Your email address will not be published. Required fields are marked *