
အဝတ်ခန်းအတွင်း ဒေါသထွက်ခဲ့တဲ့ ဂိုးသမား မိုက်မိုင်ဂ်နန်ကို အံ့အားသင့်သွားခဲ့တဲ့ အမ်ဘာပေ
ပြင်သစ်ဂိုးသမား မိုက်မိုင်ဂ်နန်ဟာ သောကြာနေ့က အီတလီကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဒေါသတကြီးဖြင့် အ၀တ်လဲခန်းထဲသို့ ပြေးဝင်သွားခဲ့ပါတယ်။
ပြင်သစ်ဟာ ပွဲအစ ၁ မိနစ်တွင် ဘာကိုလာရဲ့သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း အိမ်ကွင်းမှာ အီတလီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ နေးရှင်းလိဂ် အဖွင့်ပွဲစဉ်တွင် ဧည့်သည်အီတလီအတွက် ဒီမာကို၊ ဖရက်တီစီနှင့် ရက်စ်ပါဒိုရီတို့က ဂိုးများသွင်းယူပေးခဲ့ပါတယ်။
မိုင်ဂဂ်င်ဟာ အသင်းဖော်တွေရဲ့စွမ်းဆောင်ရည်ကြောင့် ဒေါသထွက်ခဲ့ပြီး L’Equipe ရဲ့အဆိုအရ သူဟာ အသင်းဖော်များကို အဝတ်လဲခန်းအတွင်းမှ ပြန်လည်အော်ဟစ်ခဲ့ပြီး အီတလီကစားသမားများနှင့် နှိုင်းယှဉ်ကာ စိတ်ဓာတ်တက်ကြွမှုမရှိဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ အသင်းခေါင်းဆောင် အမ်ဘာပေ နဲ့ ဒုတိယအသင်းခေါင်းဆောင် ဂရစ်ဇ်မန်းတို့က မက်နန်ရဲ့ အော်ဟစ်ပြောဆိုမှုအပြီးမှာ ဘာမှမပြောခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ထို့နောက်တွင် မိုင်ဂ်နန်က အဝတ်လဲခန်းအတွင်း သတင်းထောက်များနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီး “အဝတ်လဲခန်းအတွင်း ဘာတွေပြောခဲ့သလိုဆိုတာကိုတော့ ကျွန်တော်တို့ကြားထဲမှာပဲ ထားရှိထားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော်တို့က ခံစစ်ကောင်းတဲ့ အသင်းကြီးတစ်သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာပါ။ ကျွန်တော်တို့ ဆက်ကြိုးစားသွားရမှာပါ။ ပွဲတိုင်းကို Clean Sheet နဲ့ မကစားနိုင်ပါဘူး။ ကျွန်တော်ကတော့ ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ ဒီအုပ်စုမှာက တော်တော်ခက်ခဲပါတယ်။ အဲဒါကို ကျွန်တော်တို့ စနေနေ့မှာ ဆွေးနွေးသွားမှာပါ။ ဘာမှစိုးရိမ်စရာတော့မရှိပါဘူး။ ပွဲတစ်ပွဲကို ရှုံးနိမ့်မယ်ဆိုရင် အဆုံးသတ်တော့မဟုတ်ပါဘူး။ ပိုကောင်းတာက ဒီပြင်သစ်အသင်းကို အနိုင်ယူဖို့ ကျွန်တော်တို့ ဆင်ခြေတွေ ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပြီး ရှေ့ဆက်သွားရမှာပါ” လို့ ပြောထားပါတယ်။
ဒက်စ်ချမ့်ရဲ့အသင်းဟာ လာမယ့်စက်တင်ဘာလ ၉ ရက်နေ့ ဘယ်လ်ဂျီယံနှင့်ယှဉ်ပြိုင်ကစားရတဲ့အခါ စိတ်ပျက်စရာတွေကနေ ပြန်လည်ရုန်းထနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
#jdbkx.net #အမ်ဘာပေ #မိုက်မိုင်ဂ်နန် #NewMemberBonus #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
helloI like your writing very so much proportion we keep up a correspondence extra approximately your post on AOL I need an expert in this space to unravel my problem May be that is you Taking a look forward to see you
I loved as much as youll receive carried out right here The sketch is attractive your authored material stylish nonetheless you command get bought an nervousness over that you wish be delivering the following unwell unquestionably come more formerly again as exactly the same nearly a lot often inside case you shield this hike