
လိုက်ပ်ဇစ်နဲ့ ပွဲမှာ အနိုင်ရစေခဲ့တဲ့ နည်းစနစ်အပြောင်းအလဲအကြောင်း
လက်ရှိချန်ပီယံ မန်စီးတီးဟာ ယနေ့မနက်က ကစားသွားတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၅ -မှာ ဒုတိယနေရာ လိုက်ပ်ဇစ်ကို ပထမပိုင်းအတွင်း မထင်မှတ်ထားဘဲ ဦးဆောင်ဂိုး ၂-ဂိုး အထိ ပေးခဲ့ရပြီးမှ ၊ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အတူ ၃ – ၂ ရလဒ်နဲ့ comeback အနိုင်ရကာ ၊ အုပ်စုဗိုလ်နဲ့ ၁၆-သင်းအဆင့်သို့ တက်လှမ်းသွားပြီဖြစ်ပါတယ် ။
ပွဲအပြီး TNT Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာက ဒုတိယပိုင်းမှာ လိုက်ပ်ဇစ်ကို အနိုင်ရဖို့ လုပ်ခဲ့တဲ့ နည်းစနစ်အပြောင်းအလဲအကြောင်း အခုလိုပဲဖွင့်ဟလာပါတယ် ။
“ကျွန်တော်တို့ဟာ တတ်နိုင်သလောက် စိတ်အေးအေးထားဖို့ လုပ်ခဲ့ရပါတယ်။ နောက်ပြီးပွဲအပေါ် ကျွန်တော်တို့ရဲ့ တုံ့ပြန်ပုံက ကောင်းခဲ့ပါတယ် ။ အုပ်စုဗိုလ်နေရာ ကျွန်တော်တို့ ရလိုက်သလို ၊ ပွဲပြီးတဲ့အထိ အသင်းရဲ့ တုံ့ပြန်ပုံအပေါ်လည်း ကျွန်တော် အားရကျေနပ်မိပါတယ်”

“ဒီနေ့ပွဲမှာ အသင်းသားတွေဟာ ပြေးပြေးလွှားလွှား ကြိုးစားတိုက်ပွဲဝင် ကစားခဲ့ကြပါတယ် ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ pressing ကစားဟန်ကို ပြောင်းလဲခဲ့ပါတယ် ။ ရီကို ( လူးဝစ် ) ဟာ ဒီနေ့ပွဲမှာလည်း သူမတူအောင် စွမ်းဆောင်ပြခဲ့ပြီး ၊ ဖီးလ် ( ဖိုဒန် ) ကလည်း ပြိုင်ဖက်ရဲ့ final third ဇုန်မှာ အဆုံးအဖြတ်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ပြခဲ့ပါတယ် ။ ဂျရေမီ ( ဒိုကူ ) ကလည်း ကျွန်တော်တို့ရဲ့ ရစ်သမ်ကို ပြောင်းလဲပေးခဲ့ပါတယ် ” လို့ ပြောကြားခဲ့ပါတယ် ။
ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ပက် က “စိတ်ပျက်တဲ့ အကြောင်းက အဓိကမဟုတ်ခဲ့ပါဘူး ။ ကျွန်တော်တို့ဟာ ပြိုင်ဖက်ရဲ့ high press ကို တမျိုးတဖုံး ပြောင်းလဲတုံ့ပြန်ဖို့ လိုခဲ့တာပါ ။ သူတို့ ခံစစ်မှာ ၅-ယောက် အထိုင်ချပြီး ကစားမဲ့အကြောင်း မသိခဲ့ဘူးဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ သူတို့ဟာ ၅ – ၄ – ၁ ကစားကွက်နဲ့ ချဉ်းကပ်သွားခဲ့တာပါ ။ ”
” ဒီတော့ ကျွန်တော် တစ်ခုခုပြောင်းလဲဖို့လိုခဲ့ပါတယ် ။ ကျွန်တော်တို့ရဲ့ press က မကောင်းခဲ့ပါဘူး။ အရေးကြီးတဲ့အရာက ဒုတိယပိုင်းက ကျွန်တော်တို့ကို ကူညီပေးသွားခဲ့တာပါပဲ ။ ၁၆-သင်းအဆင့်တက်ဖို့ အနိုင်ကစားခဲ့ရမယ်ဆိုရင် ဒီနေ့ပွဲကို ဒီလိုမျိုး ကျွန်တော်တို့ ချဉ်းကပ်ခဲ့မှာ မဟုတ်တာသေချာပါတယ် ”
“ဒါပေမဲ့ ပထမပိုင်းက ပြဿနာတွေ အကြောင်းပြောရမယ်ဆိုရင် … မနှစ်ကလည်း ကျွန်တော်တို့ သူတို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီတော့ ကျွန်တော် လိုက်ပ်ဇစ် အကြောင်းသိပါတယ် ။ မတူတာက မနှစ်တုန်းက ၇ – ၀ နဲ့ နိုင်ခဲ့တာပါ ။ ဒါပေမယ့် အမြဲတမ်း ဝေခွဲရခက်တဲ့ပွဲမျိုးပါပဲ”
“ချန်ပီယံလိဂ် နောက်တဆင့် တက်ဖို့အတွက်ဆို သူတို့ဟာ အမြဲတမ်းအသင့်ဖြစ်နေတာပါ။ ဘွန်ဒက်စ်လီဂါမှာလည်း ထိုနည်းတူပါပဲ ။ သူတို့ဟာ အန်ကွန်ကူ ၊ ဗာဒီယိုးလ်နဲ့ တခြားသော အရေးကြီးတဲ့ ကစားသမားတွေကို ဆုံးရှုံးခဲ့ရတာတောင် ခုချိန်ထိလုပ်ပြနေတုန်းပါပဲ။ ဒန်နီ အော်လ်မိုကလည်း ဒဏ်ရာရနေပါတယ် ။ ဒါတွေဟာ တကယ့် အရည်အချင်းရှိ ကစားသမားတွေပါ ”
“သူတို့ဟာ ဂျာမန်စူပါဖလားဗိုလ်လုပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကို အနိုင်ယူခဲ့ပါတယ်။ ကျွန်တော် ပြောနေတဲ့အရာကို ကျွန်တော်သိပါတယ်။ ဒါကို ကျွန်တော်တို့ ပြောခဲ့ပြီးသားပါ ။ အဝေးဘောတွေရှိတဲ့ ပွဲမျိုးမှာဆို ခင်ဗျားဟာ တစ်ယောက်ချင်း ခေါင်းယှဉ်တိုက်ရတဲ့ နေရာတွေမှာ အသာစီးရဖို့ လိုပါတယ်၊ ပိုပြီး မာမာထန်ထန် ရှိဖို့လိုပါတယ်”
“အဲဒီအစား ကျွန်တော်တို့မှာ တစ်ဦးချင်းအမှားတွေနဲ့ နမော်နမဲ့ ဖြစ်ခဲ့ပါတယ်။ အဲလို ခြေစွမ်းမျိုးနဲ့ဆိုရင်တော့ ခင်ဗျားမှာ ဘာအခွင့်အရေးမှ မရှိပါဘူး။ ဒုတိယပိုင်းတုံ့ပြန်ပုံက ကောင်းခဲ့ပါတယ်။ စောစောစီးစီး ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ် ။ ဂျူလီယန် ( အဲဗားရက်ဇ် ) နဲ့ ဂျရေမီတို့ဟာ တောင်ပံတိုက်စစ်အတွက် အထောက်အကူဖြစ်ခဲ့ပါတယ် ”
“နောက်ပြီး ကွင်းလယ်မှာ ရီကိုကို ကျွန်တော်တို့ သုံးနိုင်ခဲ့ပြီး ၊ သူကလည်း ကျွန်တော်တို့ လိုချင်တဲ့ ပုံစံနဲ့ ကူညီပေးခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ အနိုင်ရသွားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Source : BeanymanSports : BBC.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #လိုက်ပ်ဇစ် #မန်စီတီး #ပက်ဂွာဒီယိုလာ #နည်းစနစ်အပြောင်းအလဲ #Online #Games #Myanmar #OnlineGamesMyanmar