
လူတန်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့အပေါ် မှတ်ချက်ပေးလာတဲ့ ပိုချက်တီနို
ချဲလ်ဆီးအသင်းဟာ မနေ့ညအစောပိုင်းက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန်ထဲက တန်းတက် လူတန်တောင်းအသင်းကို ၃ – ၀ နဲ့ ဦးဆောင်နေခဲ့ပြီးမှ ပွဲပြီးခါနီး ၁၀-မိနစ် အတွင်း ၂-ဂိုး ပေးခဲ့ရတာကြောင့် အနိုင်ရလဒ်ကို ခက်ခက်ခဲခဲရှာဖွေခဲ့ရပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးဟာ တတိယ ဦးဆောင်ဂိုးရတဲ့အချိန်အထိ ပွဲကိုခံစစ်ပိုင်းအရ အတိုင်းအတာတစ်ရပ်အထိ ကျစ်ကျစ်လျစ်လျစ် ချုပ်ကိုင်ထားနိုင်ခဲ့ပေမဲ့ ၊ ၃-ဂိုး ရအပြီး ခံစစ်ကို ထပ်မဖြည့်ခဲ့သလို ၊ အာရုံစူးစိုက်မှုတွေ လျော့ကျခဲ့တာကြောင့် ဖြတ်တင်ဘောတွေကနေ ဂိုးတွေပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက လွယ်လင့်တကူ နိုင်ခဲ့ရမဲ့ပွဲမှာ မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကစားပြီးမှ ၂၀၂၃-ကို ပြည်ဖုံးကာ ချနိုင်ခဲ့တဲ့ အပေါ် အခုလိုပဲမှတ်ချက်ပေးလာပါတယ်။

ပိုချက်တီနို က “အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ဘယ်တော့မှ မလွယ်ကူလို့ပါ။ ဒီနေ့ပွဲကို ကျွန်တော်တို့ အနိုင်ရဖို့လိုအပ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ – ၆၅ မိနစ်အထိ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ် ”
” ခြုံပြောရရင် ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပြီး ဒီရလဒ်နဲ့ အပြည့်အဝ ထိုက်တန်ခဲ့ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည် အများကြီးမြင်ခဲ့ရပါတယ်။ ဂိုးစပေးလိုက်ရရင်တော့ ခင်ဗျားဟာ ပြိုင်ဖက်ရဲ့ ယုံကြည်မှုကို တည်ဆောက်ခွင့်ပေးသလို ဖြစ်သွားပါမယ်”
“ပရီးမီးယားလိဂ်ဟာ ဒီလိုမျိုးပါပဲ။ အာဆင်နယ် ၊ လီဗာပူး ၊ စီးတီး ၊ နယူးကာဆယ် စတဲ့ အင်အားတောင့်တင်းတဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးတွေမှာ ခင်ဗျားဟာ ခက်ခဲမှုအဆင့်အတန်းကို ကြိုတင်နားလည်ပြီးသား ဖြစ်ပါတယ်”
“ဒီနေ့ ပြိုင်ဖက်အသင်းဟာ ကိုယ့်ရဲ့ကစားဟန် ၊ အသင်းသားတွေ အပေါ် ယုံကြည်မှုအပြည့် ရှိပြီး ၊ အရမ်းတော်တဲ့ နည်းပြတစ်ဦးကို ပိုင်ဆိုင်ထားတာကြောင့် ဒီမှာ လာကစားရတာကခက်ခဲပါတယ်။ ဒီနေ့ပွဲကနေ အနိုင် ၃-မှတ် ကျွန်တော်တို့ လိုအပ်ခဲ့ပြီး ၊ ကိုယ်လိုချင်တာကို ရခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပိုချက်တီနို က “ဒီပွဲကိုအနိုင်ရဖို့ အကြောင်း စိတ်လှုပ်ရှားခဲ့ရတာပေါ့ဗျာ။ ခင်ဗျားဟာ ဒီပွဲကို အနိုင်ရချင်ပြီး ၊ ကွင်းဘေးစည်းကနေ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အသင်းကို ကူညီပေးဖို့ ကြိုးစားရပါတယ်။ အဆုံးမှာတော့ ဒါက အသင်းသားတွေ ခြေစွမ်းပြဖို့ ၊ မတူညီတဲ့ အခြေအနေတွေမှာ ပွဲကို ထိန်းချုပ်နိုင်ဖို့နဲ့ပဲ သက်ဆိုင်ပါတယ်”
“ဘောလုံးဟာ စိတ်ခံစားချက်တွေနဲ့ သက်ဆိုင်ပါတယ်။ ခင်ဗျားဟာ ၃ – ၀ နဲ့ အနိုင်ရနေသည့်တိုင် ၊ တစ်ခုခု ဖြစ်လာလို့ အမြဲ စိတ်အာရုံထွေပြားနေရင် ကိုယ့်ကိုယ်ကို ခက်ခဲတဲ့ အခြေအနေ တရပ်ဆီ တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ချေပဂိုး တစ်ဂိုး စပေးခဲ့ရပါတယ်။ ဒါက ပုံမှန်ပါပဲ”
“အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ဟာ ပြိုင်ဖက်ကို ယုံကြည်မှု တည်ဆောက်ခွင့် ပေးလိုက်မိပါတယ်။ ပရီးမီးယားလိဂ်မှာ ဒီလိုပွဲမျိုး အများကြီး ဖြစ်တတ်ပါတယ်။ ပြီးခဲ့တဲ့ ဘရိုက်တန် – တော့တင်ဟမ် ပွဲမှာတောင် ၄ – ၀ နဲ့ ပြီးပြီ ထင်ခဲ့ပေမယ့် ၊ ၄ – ၂ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်က ခက်ခဲတာပါ” လို့ ပြောကြားခဲ့ပါတယ်။
Source : theguardian.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ပိုချက်တီနို #ချဲလ်ဆီး #လူတန်တောင်း #Online #Games #Myanmar #OnlineGamesMyanmar
Fantastic beat, I would like to learn from you as you make changes to your website. How can I sign up for a blog website? The account helped me quite a bit; I was somewhat aware of this, and your broadcast gave me a thorough understanding of it.