ရုန်းကန်နေရတဲ့ ချဲလ်ဆီးစတားကို သတိပေးစကား ဆိုလိုက်တဲ့ ပိုချက်တီနို

ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာလည်း ကစားသမားသစ်များစွာ ထပ်ဖြည့်တင်းထားပေမဲ့ ဒဏ်ရာပြဿနာတွေက တစ်ပွဲထက်တစ်ပွဲ လျော့မသွားတဲ့အပြင် ပိုတိုးလာနေတဲ့အတွက် လက်ရှိနည်းပြ မော်ရစ်စီယို ပိုချက်တီနို အနေနဲ့ အကောင်းဆုံး ပွဲထွက်စာရင်းကို ပုံမှန်ရရှိနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဒဏ်ရာရနေတဲ့ ကစားသမားအရေအတွက်က အသင်းတစ်သင်းစာ ရှိနေပြီး ၊ ထိုအထဲမှာ အင်္ဂလန် ယူ ၂၁ -တောင်ပံကစားသမား နွန်နီ မက်ဒူးကီ လည်း တစ်ဦးအပါအဝင်ဖြစ်နေပါတယ်။ ၄င်းဟာ ဒီရာသီ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ထားရတဲ့အပြင် တောင်ပံကစားသမားတွေရဲ့ ပွဲထွက်ခွင့်အစဉ်မှာ နောက်ဆုံးနေရာကိုရောက်ရှိနေပါတယ်။ ဒီအတွက်ကြောင့် ဒဏ်ရာမရှိတဲ့ အချိန်တွေမှာတောင် မက်ဒူးကီဟာ ပွဲကစားခွင့် မိနစ်တွေထက် အရန်ခုံထိုင်ရတဲ့မိနစ်တွေက ပိုများခဲ့ပါတယ်။ မနေ့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက ယင်းလူငယ်ကြယ်ပွင့်ကို ခြေစွမ်းပိုကောင်းအောင် ကြိုးစားဖို့သတိပေးခဲ့ပါတယ်။

ပိုချက်တီနို က “ဒီရာသီ အစပိုင်းလောက် သူ ကစားခွင့်ရလိုက် ၊ မရလိုက် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူ ဒဏ်ရာရခဲ့ပြီး ၊ ပြဿနာ တချို့ ကြုံခဲ့ပါတယ်။ ဒါဟာ ကစားသမားတွေဆီက ၊ ဒီပြိုင်ပွဲကနေ ကျွန်တော်တို့ အမြဲတမ်း မျှော်မှန်းထားတဲ့အရာတွေပါပဲ ”

“နွန်နီမှာ ကစားပုံတူတဲ့ အသင်းသား အများအပြား ရှိနေတာကြောင့် ပွဲထွက်ခွင့်အတွက် အကြိတ်အနယ်ပြိုင်ဆိုင်နေရပါတယ်။ သူ့အနေနဲ့ ခုထက် ပိုကောင်းအောင် ကြိုးစားဖို့ ၊ ခြေစွမ်းအဆင့်အတန်း မြှင့်တင်ဖို့ လိုမယ်လို့ ကျွန်တော်ထင်ပါတယ် ”

“ခုတော့ သူ ဒဏ်ရာရနေပြီး ၊ နာလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေပါတယ်။ နောက်ပွဲတွေမှာ သူ ပြန်ပါကောင်း ပါပါလိမ့်မယ် ” လို့ ပြောကြားခဲ့ပါတယ ။ တစ်ဖက်မှာ ချဲလ်ဆီးဟာ မကြာခင်မှာ ဖွင့်လှစ်တော့မဲ့ ဇန်နဝါရီ စျေးကွက်အတွင်း အားထားရတဲ့ ကွင်းလယ်လူလည်းဖြစ် ၊ ဒုအသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကော်နာ ဂေါ်လဂါကို ရောင်းထုတ်ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ကစားသမားဖက်ကတော့ ချဲလ်ဆီးကနေ ထွက်ခွာလိုတဲ့ပုံ မပေါ်ပေမဲ့ ၊ ကလပ်ဖက်ကတော့ ၄င်းကို ထုတ်ရောင်းဖို့ လမ်းဖွင့်ပေးထားပြီး ၊ ကမ်းလှမ်းမှုတွေကို လက်ခံလျက်ရှိပါတယ်။ ပိုချက်တီနိုကတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ထပ်မံ ဖြေရှင်းလာပြန်ပါတယ်။

“ကစားသမားတွေရဲ့ အနာဂတ် အကြောင်းနဲ့ ပတ်သက်လာရင် ၊ ကလပ်နဲ့ ကာယကံရှင် ကစားသမား ကိုယ်တိုင်ကပဲ ဘာလုပ်သင့်လဲဆိုတာ ဆုံးဖြတ်ရပါတယ်။ အရင်ကလပ်တွေမှာတော့ ကျွန်တော်ဟာ အသင်းတာဝန်ရှိသူတွေကို ကိုယ့်ဖက်ကနေ တတ်နိုင်သလောက် အကြံပေးခဲ့ပါတယ်”

“ကျွန်တော်ဟာ အားကစားဒါရိုက်တာတွေ ၊ အသင်းပိုင်ရှင်တွေနဲ့ အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပါတယ်။ အပြောင်းအရွှေ့ အကြောင်း ဆွေးနွေးသုံးသပ်တာတွေ အရင်လုပ်ဖြစ်ပါတယ်။ ပြီးမှ ကလပ်အတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ချရပါတယ် ”

“အတိတ်က အတွေ့အကြုံအရ ဒါတွေဟာ ကလပ်နဲ့ ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တဲ့အကြောင်း ကျွန်တော် ထပ်ခါတလဲလဲ ပြောပါရစေ ” လို့ ပြောကြားခဲ့ပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #ပိုချက်တီနို #နွန်နီမက်ဒူးကီ #ချဲလ်ဆီးစတားကိုသတိပေးစကားဆို #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *