မန်ယူနိုက်တက်တို့ အားဖြည့်ဖို့ လိုအပ်တဲ့နေရာကို ပြောပြလိုက်တဲ့ အိုဝင်

မန်ယူနိုက်တက်တို့ အားဖြည့်ဖို့ လိုအပ်တဲ့နေရာကို ပြောပြလိုက်တဲ့ အိုဝင်

မိုက်ကယ်အိုဝင်က မန်ချက်စတာယူနိုက်တက် အနေနဲ့ အပြောင်းအရွေ့ဈေးကွက် မပိတ်မီ ဘယ်နေရာကို အားဖြည့်သွားရမလဲဆိုတာ ပြောပြသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ယိုရို နဲ့ ဇက်ဇီး တို့အတွက် ပေါင်သန်း ၁၀၀ နီးပါး သုံးစွဲထားတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာတော့ ယိုရိုဟာ ဒဏ်ရာပြသနာကြောင့် ၃ လ နားရမှာ ဖြစ်ပါတယ်။

ဇက်ဇီး ကတော့ ဘိုလော့ညာကနေ ပေါင် ၃၆.၅ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး အိုဝင်က နယ်သာလန်စတားဟာ ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာရန် အလားအလာ ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အင်္ဂလန် တိုက်စစ်မှုးဟောင်းက ယူနိုက်တက် အနေနဲ့ အပြောင်းအရွေ့ ဈေးကွက် မပိတ်မီ ဈေးကွက်ထဲဝင်ကာ တိုက်စစ်မှုး နောက်တစ်ဦး ထပ်ခေါ်ရန် လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

အိုဝင်က “ဇက်ဇီးဟာ မန်ယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သူဟာ ပရီးမီးယားလိဂ်မှာ အသားကျမလားဆိုတာကို ရာသီအစမှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာ ဖြစ်ပါတယ်။ ဇက်ဇီးဟာ ဂိုးတွေအများကြီး သွင်းယူနိုင်တဲ့သူ မဟုတ်ပေမဲ့ သူဟာ မန်ယူနိုက်တက်တို့ ဒီနေရာမှာ အားဖြည့်ဖို့ လိုအပ်နေတဲ့ ကစားသမားမျိုးဆိုတာ သေချာပါတယ်။ ခင်ဗျားတို့ တချိန်တုန်းက ကြီးကြယ်တဲ့ ယူနိုက်တက် အသင်းတွေကို ကြည့်ကြည့်ပါ။ သူတို့မှာ အရမ်းကောင်းတဲ့ တိုက်စစ်မှုး ၄ ဦး ပိုင်ဆိုင်ထားတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ဂိုးသွင်းကောင်းသူတွေ ရှားပါးနေခဲ့တာကြောင့် နောက်ထပ် အရည်အသွေးရှိ တိုက်စစ်မှုးကို ခေါ်ယူတာက ပြဿနာမဟုတ်ပါဘူး။ မန်ယူနိုက်တက် အနေနဲ့ တချိန်ချိန်မှာတော့ နစ္စတယ်ရွိုင်း ဗန်ပါစီ နဲ့ ရွန်းနီ တို့လို ဂိုးတွေ အများကြီး သွင်းနိုင်တဲ့သူ တစ်ဦးတော့ လိုအပ်လာမှာပါ။

ဒီအချိန်မှာတော့ ဇက်ဇီး ဘာလုပ်နိုင်သလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တိုက်စစ်မှုးတစ်ဦး ခေါ်ယူတာဟာ ယူနိုက်တက်အတွက် အပေါင်းလက္ခဏာဆောင်တဲ့အရာ ဖြစ်လာမယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒီအချိန်မှာ ယူနိုက်တက်ဟာ ဒဏ်ရာပြသနာတွေ ရှိနေတာကြောင့် အပြောင်းအလဲလုပ်ရန် အချိန်သိပ်အများကြီး မရပါဘူး။ တိုက်စစ်ပိုင်းမှာ အလုပ်မဖြစ်ဘူးဆိုရင် သူ့အနေနဲ့ ရွေးချယ်စရာက သိပ်ပြီး မရှိပါဘူး။ ဒ့ါကြောင့် နောက်ထပ် တိုက်စစ်မှုးတစ်ဦး ခေါ်ယူတာက ကောင်းပါတယ်” လို့ ဆိုလိုက်ပါတယ်။

Source : metro.co.uk

#jdbkx.com #မိုက်ကယ်အိုဝင် #ဇက်ဇီး  #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

16 comments

Leave a Reply

Your email address will not be published. Required fields are marked *