ဖူလ်ဟမ် နဲ့ပွဲဟာ ဒီရာသီကစားခဲ့သမျှပွဲ‌ထဲမှာ အဆိုးရွားဆုံးပွဲလို့ ဝန်ခံလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာ ဟာ ဖူလ်ဟမ် အသင်းကို အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုး နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ကစားပုံဟာ ဒီရာသီကစားခဲ့သမျှပွဲတွေထဲမှာ အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးနှစ်ပွဲဆက် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း နှင့် ဖူလ်ဟမ် အသင်းတွေကို အရေးနိမ့်ခဲ့ရပြီးနောက် အဆင့်လေးနေရာအထိ ရောက်ရှိသွားခဲ့ကာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအ‌ဖြစ်ကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့အနေအထား ရောက်ရှိသွားခဲ့ပါတယ်။

၅-ပွဲသာနိုင်ထားသေးတဲ့ အာဆင်နယ်

အာဆင်နယ်နည်းပြ အာတီတာ က ပွဲအပြီးမှာတော့ “တကယ့်ကို ခက်ခဲတဲ့နေ့ရက်ပါပဲ။ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ပြီးခဲ့တဲ့ ၃-ရက်တုန်းက ဝက်စ်ဟမ်း အသင်းကို ၂ -ဂိုးပြတ် အရေးနိမ့်ခဲ့ရပေမဲ့ ကျွန်တော်တို့အနိုင်ရဖို့ လုံးဝထိုက်တန်တဲ့ အနေအထားရှိခဲ့ပါတယ်။ ဒီနေ့ကတော့ ဒီရာသီ အဆိုးရွားဆုံးပွဲပါပဲ”

“ဘောလုံးကိုင်ထားချိန်မှာ လုံလောက်တဲ့ လျင်မြန်မှု နဲ့ ခြိမ်းခြောက်မှုတွေကို လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ဘောလုံးကိုင်ကစားတာ တကယ့်ကို လျော့တိလျော့ရဲ နိုင်ခဲ့ပါတယ် ၊ ကျွန်တော်တို့ မကောင်းခဲ့ပါဘူး ၊ အနိုင်ရဖို့လည်း မထိုက်တန်ခဲ့ပါဘူး ၊ ဒီဇင်ဘာ ၃၁ -မှာ အမှတ်ပေး ဇယား ထိပ်ဆုံးကိုရောက်ဖို့ အခွင့်အရေးရှိနေရာကနေ အခုလိုဖြစ်သွားတော့ တကယ့်ကို ခံစားရဝာာ ဆိုးရွားပါတယ် ”
“ဒါက ဘောလုံးပါပဲ ၊ ‌စည်းက ပါးပါးလေးပါ ၊ ပြီးခဲ့တဲ့ ၁၉ -ပွဲ စလုံးလိုသာ ကျွန်တော်တို့ ပွဲအားလုံးကို ကစားနိုင်ခဲ့ရင် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ပါလိမ့်မယ်။ ဒီနေ့လိုသာ ကစားရင်တော့ ထိပ်ပိုင်းနားရောက်ဖို့ ဆိုတာ ဝေးလာဝေးပါ။ ဒီနေ့ ရှုံးပွဲကတော့ တကယ့်ကို လက်ခံဖို့ခက်ခဲတဲ့ ရှုံးပွဲပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Skysports.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #မီခေးလ်အာတီတာ #အာဆင်နယ်အသင်း #ဝက်စ်ဟမ်းအသင်း #ဖူလ်ဟမ်အသင်း #အဆိုးရွားဆုံးပွဲ #Online #Games #Myanmar #OnlineGamesMyanmar

Loading

3 comments

  • Your blog is a constant source of wisdom and positivity Thank you for being a ray of light in a sometimes dark world

  • I just wanted to take a moment to say how much I appreciate your blog posts. They’re always well-written, informative, and keep me coming back for more. Keep up the great work!

  • I was just as captivated by your creations as I was. The drawing you’ve created is stunning, and the writing you’ve done is sophisticated. However, your remarks indicate that you are worried about the possibility of engaging in something that may be seen as dubious. I’ll be able to resolve this quickly.

Leave a Reply

Your email address will not be published. Required fields are marked *