
မန်စီးတီး နဲ့ ပွဲက ဆွန်ဟောင်မင် ရဲ့ လွဲချော်မှုအပေါ် မှတ်ချက်ပေး တုံ့ပြန်လိုက်တဲ့ အာတီတာ
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန်စီးတီး နဲ့ ပွဲမှာ သရေကျစေမဲ့ အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် ရဲ့ လွဲချော်မှုအကြောင်း က ပရိသတ်တွေကြားထဲ အတော်လေး လူပြောများနေခဲ့ပါတယ်။
မန်စီးတီးအသင်း တစ်ဂိုး ဂိုးမရှိ ဦးဆောင်နေချိန်မှာ ပြိုင်ဘက်အသင်း ကစားသမားရဲ့ အမှားကနေ ဆွန်ဟောင်မင် ဂိုးသမား နဲ့ တစ်ဦးချင်း အခွင့်အရေးရရှိခဲ့တာဖြစ်ပြီး ဆွန် ရဲ့ ကန်ချက်ကို အော်တီဂါ လက်စွမ်းပြ ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင် ရဲ့ ဂိုးသာ ဝင်သွားခဲ့ရင် တစ်ဖက်တစ်ဂိုးစီ သရေကျသွားမှာဖြစ်ပီး အာဆင်နယ်အသင်း ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းသွားမှာပါ။ ဒါပေမဲ့လည်း စပါးအသင်း မန်စီးတီးကို အရေးနိမ့်သွားခဲ့တာကြောင့် အာဆင်နယ်အသင်း ရဲ့ ချန်ပီယံအိပ်မက်ဟာ မှေးမှိန်သွားခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ မန်စီးတီးခြေချော်ပြီး သူတို့အနိုင်ရမှသာလျှင် ချန်ပီယံဖြစ်တော့ပါမယ်။
အာဆင်နယ်နည်းပြ အာတီတာ က အဲဗာတန် နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဆွန်ဟောင်မင် ရဲ့ လွဲချော်မှု အပေါ် “အဲ့ဒီလို အခိုက်အတန့် အတွက် ပရီးမီးယားလိဂ် က ကစားသမားတစ်ဦးကိုရွေးပါဆို ကျွန်တော်ကတော့ ဆွန်ဟောင်မင်ကိုပဲ ရွေးမိမှာပါ။ မိုက်ကယ် ဂျော်ဒန် အမြဲပြောနေကြစကားရှိပါတယ် ၊ ကိုယ့်အသင်းအနိုင်ရစေမဲ့ ပစ်သွင်းမှုတွေ လုပ်နိုင်ဖို့အတွက် သူကြိမ်ဖန်များစွာ လွဲချော်ခဲ့ဖူးတယ်စကားလိုပဲပေါ့”
”ဒါကိုက အားကစားရဲ့ အလှတရားပါပဲ။ မျှော်လင့်ချက်ရှိခဲ့ပေမဲ့ မဖြစ်လာခဲ့ဘူးပေါ့ဗျာ ၊ ကျွန်တော်တို့အနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လိုအပ်ပါတယ် ၊ အဲဗာတန်က လက်တစ်လော ပုံစံကောင်းရနေတာကြောင့် သူတို့နဲ့ပွဲက ခက်ခဲပါလိမ့်မယ်” လို့ ပြောကြား သွားခဲ့ပါတယ်။
Source : mirror.co.uk
#jdbkx.net #အားကစားသတင်း #ဆွန်ဟောင်မင် #အာတီတာ #မန်စီတီး #အာဆင်နယ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames