Set-Piece နဲ့ ပတ်သက်ပြီး ရမ်စ်ဒေးလ် ကို Mind game ကစားသွားမယ်လို့ ‌ဆိုလိုက်တဲ့ အာတီတာ

ပြီးခဲ့တဲ့ နွေရာသီမှာ အာဆင်နယ် အသင်းကနေ ဆောက်သမ်တန် အသင်း ကို ပေါင် ၂၅ သန်း နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ရမ်စ်ဒေးလ် ဟာ ဒီတစ်ပတ်မှာတော့ အမ်းမရိတ်ကို ပြန်လာပြီး အသင်းဟောင်း အာဆင်နယ် အသင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဥရောပ ထိပ်သီး လိဂ် ၅-ခုမှာ တည်ကန်ဘောကနေ သွင်းဂိုးအများဆုံး ရယူထားနိုင်တဲ့ အာဆင်နယ်အသင်း နဲ့ ရင်ဆိုင် ရမယ့်ပွဲမှာ ဂန်းနားဟောင်း ရမ်စ်ဒေးလ် ရှိနေခြင်းဟာ ဆောက်သမ်တန် အတွက် အာဆင်နယ် အသင်းရဲ့ Set-Piece တွေကို ကာကွယ်ရာမှာ အားသာချက် ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့လည်း အဆိုပါအချက်ကို သူထည့်သွင်း စဉ်းစားထားပြီး ဖြစ်ကြောင်း အာတီတာ က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

Mind game ကစားသွားမယ်လို့ ‌ဆိုလိုက်တဲ့ အာတီတာ

 

”ကျွန်တော်တို့ ‌အနေနဲ့ mind game အချို့ ကစားသွားမှာပါ ၊ ဆောက်သမ်တန် ဘက်ကလည်း ကျွန်တော်တို့ရဲ့ အားသာချက် နဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးသား ဖြစ်မှာပါ ၊ အသင်းက ကစားသမားဟောင်း ရှိနေတဲ့ အသင်းနဲ့ ရင်ဆိုင် ကစားရတာ ဒါပထမဆုံး အကြိမ်လည်းမဟုတ်ပါဘူး ၊ ဒါမျိုးက ပုံမှန် ဖြစ်ပျက်နေကြပါပဲ ၊ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို နားလည် သဘောပေါက်ဖို့ နှင့် လုပ်နေကြ အရာတွေကို ဆက်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။”

ဆက်လက်ပြီး အာတီတာ က ရမ်စ်ဒေးလ် နဲ့ ပြန်လည် ရင်ဆိုင်ရမဲ့ အပေါ် ” သူ ဆောက်သမ်တန်ကို ပြောင်းတော့မယ်လို့ သတင်းကြားရချိန်မှာပဲ ကျွန်တော် သူ့ကို ချက်ချင်းဖုန်းခေါ် ဖြစ်ခဲ့ပါတယ်။ သူ တကယ်ပျော်နေခဲ့တာပါ ၊ သူက ကျွန်တော်တို့အားလုံးချစ်တဲ့ ကစားသမားတစ်ဦးပါ ၊ အသင်းမှာလည်း သူ့ရဲ့ မှတ်တိုင် ကို ချန်ထားနိုင်ခဲ့ပါတယ် ၊ သူ နဲ့ ပြန်‌ဆုံရတာက တကယ့်ကို ကောင်းမွန်တဲ့ တွေ့ဆုံမှု ဖြစ်ပါလိမ့်မယ်။”

 

Source: thesun.co.uk

#jdbkx.net #အာဆင်နယ် #ဆောက်သမ်တန် #ဘော်လွန်းဒီအော်ဆု #Online #Games  #Myanmar #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

3 comments

Leave a Reply

Your email address will not be published. Required fields are marked *