နော်တင်ဟမ်အသင်းထံပြောင်းရွှေ့တော့မဲ့ မန်စီးတီးစတား

သတင်းတွေအရ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ မန်စီးတီးစတား မက်အတီးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အက်သလက်တစ်သတင်းထောက် အွန်စတိန်းကတော့ ဖောရက်စ်ဟာ မက်အတီးအတွက် စီးတီးအသင်းနဲ့ ပေါင်သန်း ၃၀ တန်ကြေးတစ်ရပ်နဲ့သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

မန်စီးတီးစတား မက်အတီး

အပြောင်းအရွှေ့ထဲမှာ ပြန်လည်ရောင်းချခွင့်အပြင် စီးတီးအနေနဲ့ ဦးစားပေးပြန်လည်ခေါ်ယူခွင့်လည်း ပါရှိတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ နော်တင်ဟမ်အတွက် အားထားရတဲ့သူဖြစ်လာနိုင်ပြီး လာမဲ့ရာသီယူရိုပါလိဂ်ကန်ရမှာဖြစ်တာကြောင့် လူအင်အားပိုတောင့်တင်းလာတော့မှာဖြစ်ပါတယ်။

ကနဦးတုန်းက ပဲလေ့စ်အသင်းက အက်ဖ်အေဖလားရခဲ့တာကြောင့် ယူရိုပါလိဂ်ကန်ခွင့်ရခဲ့ပေမဲ့ ပိုင်ရှင်တစ်ဦးတည်းက အသင်း ၂ သင်းကိုပိုင်ဆိုင်တာကြောင့် ပဲလေ့စ်အနေနဲ့ ကွန်းဖရန့်လိဂ်ဆင်းကန်ရမှာဖြစ်ပါတယ်။ မက်အတီးဟာ အခုနွေရာသီအင်္ဂလန်ယူ – ၂၁ ချန်ပီယံရှစ်ဆုဖလားကိုရယူပေးနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး အသင်းတော်တော်များများက မျက်စိကျခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လာမဲ့တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဘရန့်ဖို့ဒ်အသင်းနဲ့ အဖွင့်ပွဲကစားရမှာဖြစ်ပြီး စီးတီးကတော့ စနေနေ့မှာ ဝုဗ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

Source : www.espn.com.sg

Loading

Leave a Reply

Your email address will not be published. Required fields are marked *