အာဆင်နယ်အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကစားသမား

အာဆင်နယ် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ပေါလ်မာဆင် က ဂန်းနား ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ဟာ အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူး ပြောကြားလိုက်ပါတယ်။

ဒက်ကလန်ရိုက်စ် ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဝက်စ်ဟမ်း အသင်းကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ -သန်း နဲ့ ရောက်ရှိလာတာဖြစ်ပြီး အသင်းကိုရောက်လာကတည်းက ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ရိုက်စ် ဟာ လက်တလောမှာလည်း ပုံစံကောင်း ရနေပြီး နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ ၂- ဂိုးသွင်း ၊ ၄- ဂိုး ဖန်တီး ပေးထားပါတယ်။

ပေါလ်မာဆင် က Sky Sports မှာ “ဒီတစ်ပတ် ဘရန့်ဖို့ဒ် ပွဲမှာသာ အာဆင်နယ် အသင်း သူလုပ်စရာရှိတာကိုလုပ်ပြီး အနိုင်ကစားနိုင်ရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာပါ။ ဘရန့်ဖိုဒ့် က အဓိကကစားသမားတွေ အများကြီးမပါနိုင်ပါဘူး ၊ ဒါကြောင့် အာဆင်နယ် အသင်း အနေနဲ့ ပြိုင်ဘက် အသင်းအပေါ် ဖိအားပေးကစားပြီး အနိုင်ယူနိုင်ဖို့ လိုအပ်ပါတယ်”

“အာဆင်နယ် က မနှစ်ကနဲ့ လုံးဝ ကွဲပြားခြားနားသွားပါပြီ ။ ဒက်ကလန် ရိုက်စ် က အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင်ပေးသွားခဲ့တာပါ ၊ သူက ရိုဒရီ နဲ့ အတူ ထိပ်တန်းအဆင့်မှာရှိနေသူပါ ၊ ဒါကြောင့် အာဆင်နယ် နဲ့ မန်စီးတီး အသင်း ခံစစ်က သိပ်ကောင်းနေတာပါ ၊ သူတို့ နှစ်ယောက်က မယုံကြည်နိုင်လောက်အောင် စည်းစနစ်ကျတဲ့ ကစားသမားတွေပါ ”

“အာဆင်နယ် က ၇ -ပွဲဆက် အနိုင် ရထားပါတယ် ၊ သူတို့ရဲ့ရလဒ်တွေကို ပြန်ကြည့်ရင် ဝက်စ်ဟမ်း နှင့် ဖူလ်ဟမ်ကို ရှုံးခဲ့တဲ့ပွဲက အသင်းအတွက် နစ်နာမှုကြီးမားတဲ့ ပွဲတွေမဖြစ်ဖို့မျှော်လင့်ပါတယ် ။ အာဆင်နယ် က ဂိုးကွာခြားချက်ကိုလည်း တခြားအသင်းတွေထက် သာအောင် လုပ်နိုင်ခဲ့ပါတယ်”

“အရင်က အသာမရတာကနေ အခု အသာရသွားတော့ ရမှတ် တစ်မှတ် ပိုရသွားသလိုပါပဲ။ ဒါက အသင်းအတွက် သိပ်အရေးကြီးပါတယ် ၊ အာဆင်နယ် အသင်းကို အဓိကစမ်းသပ်မဲ့ပွဲက မတ်လ ၃၁ -ရက်နေ့မှာ ကစားမဲ့ မန်စီးတီး အသင်း နဲ့ပွဲပါ ၊ အဲ့ဒီပွဲမှာ အာဆင်နယ်အသင်း ဘယ်လောက်အထိလုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာပါ ၊ ဒါပေမဲ့ ချန်ပီယံဆုကို ရယူချင်တယ်ဆိုရင်တော့ ဒီလို ပွဲမျိုးကို အနိုင်ကစားဖို့လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Metro.co.uk

#jdbkx.com #အားကစားသတင်း #ဒက်ကလန်ရိုက်စ် #ပေါလ်မာဆင် #အာဆင်နယ် #Online   #Games  #Myanmar   #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *