ခြေစွမ်း ကျနေရင်တောင် အရန်ခုံ ပို့လို့ မရတဲ့ ချဲလ်ဆီး စတား နှစ်ဦး

ချဲလ်ဆီးအသင်းဟာ ကြားရက်က ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူး အသင်းကို ၄ – ၁ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ယနေ့ညမှာ ဝုလ်ဗ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ရှိပါတယ်။ ဒီပွဲမှာတော့ ချဲလ်ဆီးဟာ ရှေ့ပွဲက လူပိုစုံလာဖို့ ရှိပေမဲ့ ပုံမှန် သုံးနေကျ ပွဲထွက် ကစားသမား အများစုကိုပဲ ဆက်လက် အသုံးပြုလာဖို့များပါတယ်။ အထူးသဖြင့် ကွင်းလယ်က အန်ဇိုကိုင်စီဒို အတွဲကိုတော့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို တစ်ယောက် ဘယ်လိုမှ ချန်လှပ်ဖို့ မဖြစ်နိုင်ပါဘူး။

ယင်းတောင်အမေရိက ကွင်းလယ်အတွဲဟာ လီဗာပူးနဲ့ ပွဲမှာ အတွဲညီညီ ခြေစွမ်းပြသဖို့ အထူး ရုန်းကန်ခဲ့ရပြီး ၊ ယနေ့ညပွဲမှာ အနိုင်ပြန်ရဖို့ အတွက်ဆို ၄င်းတို့ထံမှ ပံ့ပိုးမှုကောင်းတွေ ၊ တည်ငြိမ်တဲ့ ခြေစွမ်းတွေ လိုအပ်မှာသေချာပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ပေါင်သန်း ၂၀၀ -တန် ယင်းကွင်းလယ်အတွဲဟာ တန်ကြေးကြောင့် ပွဲထွက်စာရင်းက ဖယ်ရှားဖို့ မဖြစ်နိုင်ကြောင်းဆိုရင်း ၊ နွေရာသီကမှ ဘရိုက်တန်ကနေ ပြောင်းလာတဲ့ ကိုင်စီဒိုဟာ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဘယ်လိုမှ မထိုက်တန်ကြောင်း ဝေဖန်သွားပါတယ်။

Sportskeeda နဲ့ တွေ့ဆုံရာမှာ မာဆင် က “ချဲလ်ဆီးဟာ လီဗာပူးနဲ့ ပွဲမှာ ခြေစွမ်းက အတော် ဆိုးရွားခဲ့ပြီး ၊ ၄ – ၁ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အရေးနိမ့်ခဲ့ပါတယ်။ သူတို့ဟာ တစ်ပွဲလုံး တောင်ရောက်မြောက်ရောက် ဖြစ်ခဲ့ပြီး ၊ အန်းဖီးလ်မှာ တိုက်စစ်မှူး တစ်ယောက်မှ မပါပဲ ကစားခဲ့ပါတယ်”

“ကွင်းလယ်မှာဆို အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်ဆက်စ် ကိုင်စီဒို အတွက် ၂-ယောက်ပေါင်းကို ယူရို ၂၂၅-သန်း ကုန်ကျခဲ့ရပါတယ်။ ဒီတော့ သူတို့ ခြေစွမ်းကျနေရင်တောင် ဘယ်သူက ဒီထဲက တစ်ယောက်ကို ချန်ပစ်ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ ? ”

“ကိုင်စီဒိုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဘရိုက်တန်က ယူရို ၄-သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ အခုတော့ သူဟာ ရုတ်တရက်ဆိုသလိုပဲ ပရီးမီးယားလိဂ်ရဲ့ ကြေးအကြီးဆုံး ကစားသမား ဖြစ်လာတယ်ပေါ့ဗျာ။ ခင်ဗျားဟာ ၂-နှစ် ၊ ၃-နှစ် အတွင်း ဒီလောက် တန်ကြေး ပေးရလောက်တဲ့အထိ မတိုးတက်နိုင်ပါဘူး။ ဒါက မဖြစ်နိုင်တာပါ”

“ခင်ဗျားဟာ ကိုင်စီဒိုကို ကြည့်ပြီး ဒက်ကလန်ရိုက်စ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒါက မြေဖြူခဲနဲ့ ချိစ်တုံးလိုပါပဲ။ ဒီလောက် တန်ကြေး အတွက် ခင်ဗျားဟာ သူ တစ်ယောက်တည်းနဲ့ ပွဲရလဒ်ကို ဆုပ်ကိုင်ပြရမှာ ဖြစ်သလို ၊ သူ့ရဲ့ ကွင်းတွင်း ခြေစွမ်းကို သိသိသာသာ ခံစားမိရမှာ ဖြစ်ပါတယ်”

” ချဲလ်ဆီးမှာ သူ အဲလိုမျိုး အကြိမ်ရေအများကြီး လုပ်ပြထားတယ်လို့ ကျွန်တော် မမှတ်မိပါဘူး။ ခြင်္သေ့ပြာ ကွင်းလယ်ဟာ လီဗာပူးနဲ့ အတွေ့မှာ လုံးဝ ဆွဲဖြဲခံခဲ့ရတာပါ။ ဒါက ရှက်ဖို့ကောင်းပါတယ် ။ ဒီလောက်တော့ အနည်းဆုံး ပြောရပါမယ်”

” ဒီလို ပြောပေမဲ့ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ တစ်လ အတွင်း အိမ်ကွင်း ရလဒ်ပိုင်း တိုးတက်လာပါတယ်။ ဒီတော့ ဝုလ်ဗ်နဲ့ ပွဲကိုတော့ သူတို့ ၂ – ၁ နဲ့ နိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #မော်ရစ်စီယိုပိုချက်တီနို #အန်ဇို #ကိုင်စီဒို #ချဲလ်ဆီး #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *