ဘယ်အသင်း ဗိုလ်စွဲမလဲဆိုတာ ခန့်မှန်း ရွေးချယ်ပေးလိုက်တဲ့ အိုဇေးလ်

မီဆွတ် အိုဇေးလ် ကတော့ ဒီနှစ် ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ မှာ ရီးယဲလ်မက်ဒရစ် အသင်းဟာ ဗိုလ်စွဲဖို့အခြေအနေ အကောင်းဆုံး အသင်းဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ဒီတစ်ပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်ဒုတိယအကျော့ပွဲတွေအပြီးမှာ ပီအက်စ်ဂျီ ၊ ဒေါ့မွန် ၊ ရီးယဲလ်မက်ဒရစ် နှင့် ဒေါ့မွန် တို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ကြပြီး လက်ရှိချန်ပီယံ မန်စီးတီးအပါအဝင် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အာဆင်နယ်အသင်း တို့ကတော့ ပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဒေါ့မွန် နှင့် ပီအက်စ်ဂျီ ၊ ရီးယဲလ်မက်ဒရစ် နှင့် ဘိုင်ယန်မြူးနစ် တို့ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။ ဂျာမနီ လက်ရွေးစင်ဟောင်း အိုဇေးလ် ကတော့ Marca မှာ “ရီးယဲလ် နှင့် မန်စီးတီး ပွဲက တကယ့်ကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲပါ။ စီးတီး က သူတို့ကို ဘယ်အသင်း မှ ရင်မဆိုင်ချင်ဘူးဆိုတာ ပြသခဲ့ပါတယ် ၊ ပွဲချိန် အများစုကိုလည်း လွှမ်းမိုးကစားခဲ့ပါတယ် ”

“ဒါပေမဲ့ ရီးယဲလ် ကလည်း တကယ့်ကိုပါးနပ်လိမ်မာလွန်းလှတဲ့ အသင်းပါ။ ခံစစ်ကို ကောင်းကောင်းကစားနိုင်ခဲ့ပါတယ် ၊ ရူဒီဂါ ရဲ့ ပင်နယ်တီ အပြီးမှာ ကျွန်တော်‘ Hala Madrid ‘ လို့တောင် အော်ခဲ့ပါတယ် ၊ ဘယ်လောက်အထိ စိတ်လှုပ်ရှားစရာကောင်းသလဲဆိုတာ တွေးကြည့်လို့ ရပါတယ် ”

“အခုအချိန်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းက ရီးယဲလ်မက်ဒရစ်ပါပဲ။ ကျွန်တော်ကတော့ သူတို့ ချန်ပီယံ ဖြစ်မယ်လို့ကို ယုံကြည်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Metor.co.uk

#jdbkx.com #အားကစားသတင်း #အိုဇေးလ် #အာဆင်နယ် #ရီးယဲလ်မက်ဒရစ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *