
အန်တိုနီနဲ့ တိုမီနေးတို့ အသင်းသစ်တွေမှာ ဘာကြောင့်ခြေစွမ်းပြနေတာလဲ ရှင်းပြလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာသွားခဲ့တဲ့ ကွင်းလယ်လူ စကော့မက်တိုမီနေးနဲ့ တောင်ပံကစားသမား အန်တိုနီတို့ အသင်းသစ်တွေမှာ ဘာကြောင့် ခြေစွမ်းတွေပြန်လည်ပြသနေတာလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာ ယူနိုက်တက်မှထွက်ခွာပြီး စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်သို့ ၆ လအငှား စာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကစားသမားဟာ အေဂျက်စ်မှ ယူနိုက်တက်သို့ ပေါင် ၈၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် အဆုံးမှာ အသင်းကနေထွက်ခွာဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
အသက်-၂၄ နှစ်အရွယ် ဘရာဇီးလက်ရွေးစင် ဟာ ၂ဝ၂၄-၂၅ ရာသီဝက်တစ်ခုလုံးမှာ ယူနိုက်တက်အတွက် သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပေမဲ့ ရီးရဲလ်ဘက်တစ်အတွက် ကစားခဲ့တဲ့ ပထမဆုံးပွဲစဉ် ၃ ပွဲမှာ ၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်မှာ နာပိုလီသို့ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့တဲ့ တိုမီနေးကလည်း စီးရီးအေမှာ တောက်လျှောက်ခြေစွမ်းပြနေပြီး အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ စကော့တလန်အသင်းခေါင်းဆောင်ဟာ ဒီရာသီမှာ နာပိုလီအတွက် စုစုပေါင်း ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။
ယခုအခါမှာတော့ အာမိုရင်က “ဒါကဖြစ်တတ်ပါတယ်။ ဘယ်အသင်းမှာမဆို ဒီလိုမျိုးဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က ဖိအားအရမ်းများတဲ့အသင်းပါ။ ဒီအသင်းကို ပါရမီရှင်အကယ်ဒမီလူငယ်တွေ၊ နိုင်ငံရပ်ခြားက ပါရမီရှင်ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် အခုအသင်းကို ရောက်လာတဲ့ ပက်ထရစ်ဒေါ်ဂူအနေနဲ့လည်း ဖိအားကို ခံစားသွားရမှာပါ”
“ဒါပေမဲ့ အသင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးပြသနိုင်မယ်ဆိုရင်တော့ ဒီဖိအားတွေကို ထိန်းချုပ်နိုင်မှာပါ။ ဖိအားဒဏ်ကို မခံနိုင်တဲ့ကစားသမားတွေအတွက်တော့ အခြားအသင်းမှာ လွတ်လွတ်လပ်လပ်ကစားရတာမျိုးက ပိုပြီးတော့ လွယ်ကူပါလိမ့်မယ်။
ဘောလုံးက ဒါပါပဲ။ အမြင့်ရောက်လေလေ ဖိအားကိုထိန်းချုပ်နိုင်ဖို့ ခက်ခဲလေပါ။ ဒါကြောင့်ပဲ အချို့ကစားသမားတွေက အသင်းသစ်မှာ ဖိအားမရှိလို့ ပိုကောင်းတဲ့ခြေစွမ်းမျိုးရကြတာပါ” လို့ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
Source : metro.co.uk
Ive read several just right stuff here Certainly price bookmarking for revisiting I wonder how a lot effort you place to create this kind of great informative website