မန်ချက်စတားမှာ၂၀၂၉ အထိဆက်ရှိနေတော့မဲ့ စီးတီးစတား

မန်စီးတီးအသင်းကတော့ နောက်ခံလူ ဒီယက်စ်ကို ၂၀၂၉ အထိ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ အသင်းဘက်က ဒီယက်စ်စာချုပ်သစ်အခြေအနေကို အတည်ပြုလာခဲ့တာဖြစ်ပြီး ပေါ်တူဂီသားဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက စီးတီးမှာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတားမှာ၂၀၂၉ အထိဆက်ရှိနေတော့မဲ့ စီးတီးစတား

ဒါ့အပြင် ဒီယက်စ်တစ်ယောက် စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၄ ကြိမ် နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်သားဟာ စီးတီးရဲ့အဓိကကစားသမားတစ်ဦးအဖြစ်ရှိနေဆဲဖြစ်ကာ ပြီးခဲ့တဲ့ရာသီတုန်းက ပေါင် နဲ့ တင်ပါးဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ၂၅ ပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒီယက်စ်ဟာ စီးတီးရဲ့အသင်းခေါင်းဆောင်အဖြစ် ရှိနေဆဲဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် လူစာရင်းမှာ ပါဝင်ခွင့်ရနေတဲ့သူတွေထဲကတစ်ဦးဖြစ်ပါတယ်။ “ဒီနေ့မှာ ကျွန်တော်တော်တော်လေးပျော်နေပါတယ်။ မန်ချက်စတာကို ကျွန်တော်ချစ်သလို အခုဒီမြို့က ကျွန်တော့်အိမ်ဖြစ်နေပါပြီ။ မန်စီးတီးပရိသတ်တွေကိုလည်း ကျွန်တော်ချစ်ပါတယ်။ ဆုဖလားတွေရခဲ့တုန်းက အချိန် နဲ့ ကျွန်တော်ဒီမှာကစားခဲ့ရတဲ့အချိန်တွေကို တွေးမိချိန်မှာ ဘယ်အသင်းမှာမှမကစားချင်တော့ပါဘူး”လို့ ဒီယက်စ်က ပြောကြားလိုက်ပါတယ်။

ပေါ်တူဂီသားဟာ စီးတီးအတွက် ၂၂၃ ပွဲအထိ ပါဝင်ကစားထားကာ ဝုဗ်အသင်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ စီးတီးအတွက် မိနစ် ၉၀ ပြည့်ပါဝင်ကစားခဲ့ပါတယ်။ စီးတီးဟာ လာမဲ့စနေနေ့မှာ တော့တင်ဟမ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဒီယက်စ်တစ်ယောက်ပါဝင်ကစားဖွယ်ရှိနေပါတယ်။

Source : espn.com.sg

Loading

Leave a Reply

Your email address will not be published. Required fields are marked *