
ဂါနာချိုကို ဘာကြောင့် အရန်ခုံထိုင်ခိုင်းခဲ့တာလဲ ရှင်းပြလာတဲ့ နစ္စတယ်ရွိုင်း
မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်းက ယမန်နေ့ညက လက်စတာကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းရဲ့ ဘယ်တောင်ပံကြယ်ပွင့်ကစားသမား အလီဂျန်ဒရိုဂါနာချိုကို ဘာကြောင့် အရန်ခုံထိုင်ခိုင်းခဲ့တာလဲ ရှင်းပြလာခဲ့ပါတယ်။ ယခုပွဲစဉ်ဟာ နစ္စတယ်ရွိုင်းရဲ့ ယူနိုက်တက်ယာယီနည်းပြ ဘဝနောက်ဆုံးပွဲစဉ်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်အသင်းဟာ ဂါနာချိုရဲ့ တတိယမြောက် ပွဲသိမ်းအနိုင်ဂိုးနဲ့အတူ သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရဲ့ပေမဲ့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာသာ ဆက်လက်ရပ်တည်ထားခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ရမှတ် ၄ မှတ်သာကွာဟနေတာဖြစ်ပါတယ်။
ဂါနာချိုအနေနဲ့ လူစားလဲဝင်ရောက်လာပြီးနောက် တတိယအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမဲ့ အောင်ပွဲခံခဲ့ခြင်းမရှိဘဲ ပွဲပြန်လည်စတင်ဖို့အတွက် ကွင်းထဲမှာ နေရာပြန်ယူခဲ့ပါတယ်။
ဂါနာချိုရဲ့ အပြုအမူနဲ့ပတ်သက်ပြီး နစ္စတယ်ရွိုင်းက “သူ့ရဲ့ အောင်ပွဲခံမှု အောင်ပွဲမခံမှုက ကျွန်တော့်အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ဂိုးရရှိဖို့က အဓိကဖြစ်ပြီး အလုပ်ဖြစ်ခဲ့လို့ ဝမ်းသာပါတယ်။ ပွဲမတိုင်ခင်မှာကတည်းက ကျွန်တော်သူ့ကို မင်းက ပွဲတွေအများကြီးကစားထားရတယ်၊ ဒါကြောင့် ဒီနေ့ပွဲမှာလည်း အရန်ခုံထိုင်ရပေမဲ့ လူစားဝင်ချိန်မှာ ခြားနားမှုကို ပြသဖို့လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ သူ ဂိုးသွင်းနိုင်ခဲ့လို့ ကျွန်တော် ဝမ်းသာပါတယ်။ ကျွန်တော်တို့အသင်းက အသင်းလိုက်ကြိုးစားခဲ့ကြပြီး လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။
နည်းပြသစ် ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ဘယ်လိုအခြေအနေတွေဖြစ်ပေါ်လာနိုင်သလဲလို့ မေးမြန်းခဲ့ရာ နယ်သာလန်သားက “ ကျွန်တော်တို့ ကြိုးစားဖို့လိုအပ်တာကတော့ အသင်းရဲ့ပုံစံကို တသမတ်တည်းဖြစ်စေဖို့ပါပဲ။ ခက်ခဲပြီး စိတ်ထိခိုက်ခဲ့ရတဲ့ အပိုင်းအခြားတွေကို ကျော်ဖြတ်ပြီးချိန်မှာလည်း အသင်းက ပုံစံမပျက်တည်ရှိနေဖို့လိုပါတယ်။ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကို ညှစ်ထုတ်နိုင်ဖို့ဆိုရင် သူတို့နဲ့ စကားတွေအများကြီးပြောပြီး လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ရပါမယ်။ သူတို့ကို ယုံကြည်မယ်ဆိုရင် အသင်းက တိုးတက်လာမှာပါပဲ။ ကလပ်တစ်ခု အသင်းတစ်ခုအနေနဲ့ ကျွန်တော်တို့သွားချင်တဲ့ပုံစံကလည်း ဒီလိုပါပဲ။ ဒီအတိုင်း ဆက်လက်တည်ဆောက်သွားရပါမယ်” လို့ဖြေကြားခဲ့ပါတယ်။
Source: manchestereveningnews.co.uk
#မန်ချက်စတာယူနိုက်တက် #ဗန်နစ္စတယ်ရွိုင်း #လက်စတာFC #ပရီးမီးယားလိဂ် #ဂိုးပြတ်အနိုင် #အလီဂျန်ဒရိုဂါနာချို #ယာယီနည်းပြ #အသင်းရဲ့အဆင့် #ဂိုးသွင်းမှု #နည်းပြသစ် #အသင်းပုံစံ #ကစားသမားအပြုအမူ #အောင်ပွဲခံမှု #လေ့ကျင့်ရေးအစီအစဉ် #အသင်းတိုးတက်မှု
“Absolutely phenomenal work! The way you’ve broken down this complex topic while maintaining depth is impressive. Your expertise and research quality are evident throughout.”
Very well presented. Every quote was awesome and thanks for sharing the content. Keep sharing and keep motivating others.
This is my first time pay a quick visit at here and i am really happy to read everthing at one place