မန်စီးတီးအသင်းရဲ့ ချန်ပီယံပြိုင်ဘက်စာရင်းထဲ မန်ယူ ကို ထည့်သွင်းထားတဲ့ အဂွေရို

မန်ချက်စတာစီးတီးအသင်းရဲ့ ဂန္တဝင်တိုက်စစ်မှူး အဂွေရို ကတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ အသင်းအဖြစ် ရှိနေဆဲဖြစ်ကြောင်း အံ့အားသင့်ဖွယ်ပြောကြားလိုက်ပါတယ်။

ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကလပ်အသင်း‌တွေကြား အမှတ်ကွာဟချက်ဟာ အတော်လေးကျဉ်းမြောင်း နေပြီး ၁၇- ပွဲ ကစားအပြီးမှာ ထိပ်ဆုံးက အာဆင်နယ် နှင့် အဆင့် ၅ -က တော့တင်ဟမ် ကြားက အမှတ်ကွာဟချက်က ၆ -မှတ်သာ ရှိ‌‌နေပါတယ် ။

လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို စိန်ခေါ် နိုင်တဲ့ အသင်းတွေအဖြစ် အာဆင်နယ် နှင့် လီဗာပူး တို့က ရေပန်းစားနေကြပေမဲ့ အက်စတန်ဗီလာ နှင့် စပါး တို့ရဲ့ အံ့မခန်း စွမ်းဆောင်ရည်တွေကြောင့်လည်း ချန်ပီယံဆုကို ဘယ်အသင်းရသွားမလဲဆိုတာက ခန့်မှန်းရခက်ခဲနေတဲ့ အနေအထားပါ။

ဒါပေမဲ့ အဂွေရို ကတော့ မန်ယူနိုက်တက်ကိုပါ မန်စီးတီးအသင်းရဲ့ ချန်ပီယံပြိုင်ဘက်စာရင်းထဲ ထည့်သွင်းထားပါတယ်။ မန်ယူနိုက်တက်ဟာ ဒီရာသီမှာ ပုံစံကောင်းမရနေသေးသလို စွမ်းဆောင်ရည်ပိုင်းကလည်း တည်ငြိမ်မှုမရှိသေးပါဘူး ၊ ဒါ့အပြင် ကွင်းပြင်ပပြဿနာတွေလည်း များပြားနေတဲ့အသင်းပါ ၊ ဒါတင် မကသေးပါဘူး ၊ မန်ယူနိုက်တက် ဟာ ချန်ပီယံလိဂ် နှင့် ခါရာဘောင်းတို့ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်သလို ပရီးမီးယားလိဂ် မှာလည်း ထိပ်ဆုံးက အာဆင်နယ် နဲ့ ၁၁- မှတ်ကွာ အနေအထားမှာရှိနေပါတယ်။

အဂွေရို က Stake . com မှာ “ဒီရာသီ အခုလို အခြေအနေအဆင့်မျိုးမှာ ကျွန်တော်တို့အနေနဲ့ မန်ယူနိုက်တက်ကို လျော့တွက်လို့မရပါဘူး။ သူတို့က မန်စီးတီးအသင်း ရဲ့ ချန်ပီယံဆုကို အခြိမ်းခြောက်နိုင်ဆုံး အသင်းအဖြစ်ရှိနေဆဲပါ ၊ တော့တင်ဟမ် ကလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်တယ်လို့ မြင်ပါတယ် ၊ သူတို့က ပိုစတီကိုဂလူး လက်အောက်မှာ အများကြီး တိုးတက်လာတဲ့ အသင်းပါ ”
“နယူးကာဆယ် ကလည်း အနိမ့် ၊ အမြင့် ၊ အတက် ၊ အကျ တွေရှိနေပေမဲ့ ချန်ပီယံဆုရဖို့ အခွင့်အရေးရှိနေတဲ့အသင်းပါ။ သူတို့က အမြဲတမ်း တိုက်ပွဲဝင်စိတ်အပြည့်နဲ့ ကစားတတ်တဲ့အသင်းပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : dailymail.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #မန်ချက်စတာစီးတီး #မန်ချက်စတာယူနိုက်တက် #ဂန္တဝင်တိုက်စစ်မှူးအဂွေရို #အသင်းရဲ့ ချန်ပီယံပြိုင်ဘက် #Online #Games #Myanmar #OnlineGamesMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *