
ဂလေဇာတို့လက်ဝါးကြီး အုပ်မရအောင် ပညာစပြလိုက်တဲ့ ရက်ကလစ်ဖ်
မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဆာဂျင်ရက်ကလစ်တို့ လွဲယူမှုဟာ လာမဲ့ ၆ -ပတ်အတွင်း ကိစ္စအားလုံး ပြီးမြောက်မှာနဲအတူ သရဲနီပရိသတ်တွေ မျှော်လင့်ချက်တွေ အမြန်ဆုံးဖြစ်လာဖို့ ရှိနေပါတယ်။ ဒီအတောအတွင်း ကလပ် ဆုံးဖြတ်ချက်တွေကို ရက်ကလစ်တို့က ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချို့သော ကလပ်ရဲ့ စီပွားရေးကိစ္စတွေကို သူတို့ကိုယ်တိုင် လုပ်ခွင့်ရဖို့တော့ အချိန်အနည်းငယ် စောင့်ရပါဦးမယ်။
ရက်ကလစ် က ယူနိုက်တက်တို့အတွက် ကယ်တင်ရှင် ဖြစ်လာနိုင်တာကတော့ သမိုင်းဝင်ကလပ်ကို ဂလေဇာတို့မိသားစု အလုံးစုံ ထိန်းချုပ်ထားမှုကနေ အုပ်ချုပ်ရေးပိုင်း ခွဲဝေ တာဝန်ယူမှု ရှိလာမှာဖြစ်လို့ပါပဲ။ လက်တလောမှာတင် ရက်ကလစ် တို့ရဲ့ လုပ်ဆောင်မှုက အိုးထရတ်ဖိုဒ်မှာ ကောင်းချီးပေးခံရမှုတွေ ရှိနေပါပြီ။
Football Insider ရဲ့ အဆိုအရ ရက်ကလစ်ဟာ လာမဲ့ ၃ -နှစ်အတွက် ယူနိုက်တက်ရဲ့ အမြတ်ငွေ ခွဲဝေမှုတွေကို စတင် ရပ်တန့်လိုက်ပြီလို့ သိရပါတယ်။ ဆိုလိုတာကတော့ ဒီကာလတွေအတွင်းမှာ ဂလေဇာတို့ဟာ ယူနိုက်တက်ရဲ့ ဝင်ငွေတွေကို သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဘဏ်အကောင့်ထဲ ခွဲယူနေတာမျိုး လုပ်ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
ယူနိုက်တက်ရဲ့ အကူးအပြောင်းကာလမှာ ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ပထမအသင်းအတွက် အသုံးစရိတ်တွေကို ရက်ကလစ် တို့က ဝင်ရောက်ကိုင်တွယ်မှာဖြစ်ကာ ပိုပြီးစနစ်ကျတဲ့ပုံစံတွေ မြင်တွေ့လာရမယ်လို့ မျှော်လင့်လာကြပါတယ်။
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ရက်ကလစ်ဖ် #မန်ယူနိုက်တက်ရှယ်ယာရှင် #Online #Games #Myanmar #OnlineGamesMyanmar
I loved even more than you will get done right here. The overall look is nice, and the writing is stylish, but there’s something off about the way you write that makes me think that you should be careful what you say next. I will definitely be back again and again if you protect this hike.