ဆော်ဒီမြေမှာ အောင်မြင်မှုမရသေးတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုတစ်ယောက် ဆော်ဒီမြေမှာ ဘာအောင်မြင်မှုမှမရသေးဘူးလို့ အယ်လ်ဟီလယ်နည်းပြ ဂျော့ချ်ဂျီးဆပ်စ် အခိုင်အမာဆို

အယ်လ်ဟီလယ်အသင်းနည်းပြ ဂျော့ဂျ်ဂျီးဆပ်စ်က ရော်နယ်ဒိုတစ်ယောက် ဆော်ဒီမြေမှာ ဘာအောင်မြင်မှုမှမရသေးကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။

ဆော်ဒီမြေမှာ အောင်မြင်မှုမရသေးတဲ့ ရော်နယ်ဒို
ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ရော်နယ်ဒိုဟာ ၂၀၂၃ တုန်းက ဆော်ဒီမြေကိုပြောင်းလာခဲ့တာဖြစ်ပါတယ်။ စပို့တင်း နဲ့ ဘင်ဖီကာနည်းပြဟောင်း ဂျီးဆပ်စ်ကလည်း ၂၀၂၃ ဇူလိုင်လပြီးနောက် အယ်လ်ဟီလယ်အသင်းထံ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

နည်းပြဘဝ ပထမဆုံးရာသီမှာတင် ဂျီးဆပ်စ်ဟာ ဆော်ဒီပရိုလိဂ်ကိုရရှိခဲ့ပြီး ၊ အဲ့နောက် ဆော်ဒီကင်းဖလား နဲ့ စူပါဖလားတွေကိုရရှိခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့အတူ Arab Club ဖလားကိုသာ ရရှိထားပြီး ဂျီးဆပ်စ်ကတော့ ရော်နယ်ဒိုထက် အောင်မြင်မှုတွေရယူထားနိုင်ခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ ဂျီးဆပ်စ်က “ကျွန်တော်တို့ ဆော်ဒီမြေမှာ မဆုံရသေးပါဘူး။ ပေါ်တူဂီမြေမှာ သူငယ်ချင်းတွေဖြစ်ပြီးသားပါ။ ဆော်ဒီထက် ပေါ်တူဂီမှာက တွေ့ဆုံချိန်ပိုများခဲ့ပါတယ်။ သူက ပေါ်တူဂီရဲ့ပြယုဂ်တစ်ခုပါ။
ကျွန်တော် ဒီကိုစရောက်တုန်းက သူတို့ ရော်နယ်ဒိုကိုပဲ သိခဲ့ပါတယ်။ ပေါ်တူဂီကို မသိပါဘူး။ မြို့အလယ်မှာဆိုရင်လည်း ရော်နယ်ဒိုကိုပဲ ပြထားပါတယ်။ ပေါ်တူဂီမှာတော့ သူ့ကို ပုံရိပ်ထက်ပိုပြီး တန်ဖိုးမထားပါဘူး။ သူနဲ့ အလုပ်အတူတူတွဲလုပ်ဖို့လား?။ ဖြစ်နိုင်ချေအများကြီးရှိတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ သူက ဥပမာ အသက် ၄ဝ အရွယ်ဖြစ်နေပြီထားပါတော့။

သူအများကြီးကစားနိုင်ဖို့ မကျန်တော့ပါဘူး။ သူစပို့တင်းမှာ အောင်မြင်မှုအများကြီးယူထားပြီးပါပြီ။ ဘာမှမကျန်တော့ပါဘူး။ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပဲ ရယူနိုင်ဖို့ကျန်ပါတော့တယ်။ ဒါ့အပြင် ဆော်ဒီမြေမှာလည်း သူဘာအောင်မြင်မှုမှ မရသေးပါဘူး လို့ ဂျီးဆပ်စ်က ဖြေကြားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆုဖလားအောင်မြင်မှုတွေထပ်ယူဖို့ ပြင်ဆင်နေသလို အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ၂၀၂၅ ကမ္ဘာ့ဖလားမှာလည်းပါဝင်ဖို့ ပြင်ဆင်နေပြီး ဂိုး ၁ဝဝဝ ပြည့်သွင်းယူနိုင်ဖို့ပါ ပစ်မှတ်ထားနေပါတယ်။

 

Source : goal.com

Loading

One comment

  • Hello Neat post Theres an issue together with your site in internet explorer would check this IE still is the marketplace chief and a large element of other folks will leave out your magnificent writing due to this problem

Leave a Reply

Your email address will not be published. Required fields are marked *