
အာဆင်နယ်နဲ့ကစားရမဲ့အပေါ် ဘိုင်ယန်မြူးနစ်နည်းပြ နဲ့ ကပ္ပတိန် တို့ရဲ့မှတ်ချက်များ
မနေ့က ညနေမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲပြုလုပ်ခဲ့ရာ ပွဲအားလုံးဟာ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်တဲ့ ပွဲတွေချည်း ဖြစ်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ အာဆင်နယ် အသင်းကတော့ အရင်တုန်းက ပြိုင်ဘက်ဟောင်းကြီး ဘိုင်ယန်မြူးနစ် နဲ့ ထပ်မံတွေ့ဆုံနေပါတယ်။
အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် ပွဲက အနိုင်ရတဲ့ အသင်းဟာ ရီးယဲလ်မက်ဒရစ် နဲ့ မန်စီးတီး ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်တာကြောင့် လမ်းကြောင်းမချောင်တဲ့ အနေအထားမှာရှိနေပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းနည်းပြ သောမတ်စ်တူချယ် ကတော့ အာဆင်နယ် နဲ့ တွေ့ဆုံမှု အပေါ် “ကျွန်တော်တို့အနေနဲ့ တွေးကြည့်တာနဲ့တင် အတော်လေး ခက်ခဲကြောင်းသိနိုင်တဲ့ လမ်းကြောင်းတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ရတော့မှာပါ။ အခုဆို ဥရောပရဲ့အကောင်းဆုံး အသင်းတစ်သင်း နဲ့ ရင်ဆိုင်ကစားရပါတော့မယ် ၊ အာဆင်နယ် က ထိပ်တန်းအဆင့်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်ကစားပြနေတာ နှစ်နှစ်ကျော်ရှိပါပြီ ၊ သိပ်ကို အန္တရယ် ရှိတဲ့ အသင်းတစ်သင်းပါ ၊ သူတို့ ဂိုးတွေလည်း အများကြီး သွင်းထားပါတယ် ၊ ဒါပေမဲ့ သူတို့ကိုရင်ဆိုင်ဖို့ ပြင်ဆင်သွားမှာပါ ၊ ကျွန်တော်တို့မှာရှိတဲ့ အရည်အသွေးကို ကောင်းကောင်း သိပါတယ်”
အသင်း ခေါင်းဆောင် ဂိုးသမား မန်နျူရယ် နော်အာ ကလည်း “အာဆင်နယ် က သိပ်ကို တောင့်တင်းသန်မာတဲ့ အသင်းပါ ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ကောင်းပါတယ်။ နောက်ပြီး သူတို့က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းပါ”
“တကယ့်ကို ခက်ခဲမယ့် ပွဲနှစ်ပွဲ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ဆင့်တက်ဖို့ ကျွန်တော်တို့မှာရှိတဲ့ အရာအားလုံး ထုတ်ကစားသွားမှာပါ ၊ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်မှာပါ ၊ ဒီလိုပွဲမျိုးကို ကစားခွင့်ရတော့မှာဖြစ်တဲ့အတွက်လည်း ဝမ်းသာပျော်ရွှင်မိပါတယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။
Source : msn.com
#jdbkx.com #အားကစားသတင်း #သောမတ်စ်တူချယ် #မန်နျူရယ်နော်အာ #အာဆင်နယ် #ဘိုင်ယန်မြူးနစ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
From the bottom of my heart, thank you for being a source of positivity and light in this sometimes dark and overwhelming world
Your writing is a breath of fresh air It’s clear that you put a lot of thought and effort into each and every post
Your posts always provide me with a new perspective and encourage me to look at things differently Thank you for broadening my horizons
Your posts always provide me with a new perspective and encourage me to look at things differently Thank you for broadening my horizons
Hey people!!!!!
Good mood and good luck to everyone!!!!!
Hey people!!!!!
Good mood and good luck to everyone!!!!!