
ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီး အနက် ဘယ်အသင်းမှာ သူ ပိုတန်ဖိုးထားခံရလဲဆိုတာ ဖြေကြားလာတဲ့ တူချယ်
ဂျာမန်လူမျိုးနည်းပြ သောမတ်စ် တူချယ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ချဲလ်ဆီးအသင်းကို ကိုင်တွယ်နေခဲ့ပြီး ၊ တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ နည်းပြရာထူးက ထုတ်ပယ်ခြင်းကိုခံရတဲ့ ပထမဆုံးနည်းပြ ဖြစ်ခဲ့ပါတယ်။ တူချယ်ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျ လက်ထက် ချဲလ်ဆီးအသင်းကို နောက်ဆုံးကိုင်တွယ်ခွင့်ရတဲ့ နည်းပြဖြစ်သလို ၊ ၄င်းဟာ ချဲလ်ဆီးကို နောက်ဆုံး ဆုဖလားရယူပေးထားတဲ့ နည်းပြလည်းဖြစ်ပါတယ်။
တော့ဒ်ဘိုလီတို့ တူချယ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ ၃-ဦး အထိ အပြောင်းအလဲလုပ် ခန့်အပ်ခဲ့ဖူးပေမဲ့ ၊ ချဲလ်ဆီးတို့ဟာ တူချယ် လက်ထက်တုန်းကထက်စာရင် ဆိုးသထက်ဆိုး ၊ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာတာကို တွေ့ရပါတယ်။
ယင်းဂျာမန်သားဟာ ချဲလ်ဆီးမှာ ချန်ပီယံလိဂ်ဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတွေ ဆွတ်ခူးပေးခဲ့သလို ၊ ပွဲပေါင်း ၆၀- အနိုင်ရခဲ့ပြီး ၊ ၂၄-ပွဲသရေကျကာ ၊ ၁၆-ပွဲ ရှုံးတဲ့ မှတ်တမ်း တစ်ရပ် ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါဟာ နိုင်ပွဲ ရာခိုင်နှုန်း ၆၀- အထိ ရှိပေမဲ့ ၊ တော့ဒ်ဘိုလီတို့ဟာ ၄င်းတို့ ထိန်းချုပ်နိုင်မဲ့နည်းပြတစ်ဦးနဲ့သာ လက်တွဲအလုပ်လုပ်လိုတာကြောင့် တူချယ်ကို နွေရာသီစျေးကွက် ပိတ်သိမ်းအပြီး ရက်ပိုင်းအကြာမှာပဲ ထုတ်ပယ်ခဲ့ပါတယ်။

ချဲလ်ဆီး ပရိသတ်တွေဟာ အေဘရာမိုဗစ်ခ်ျ လက်ထက် နောက်ဆုံးလက်ကျန်ကာလအတွင်း sanction ထိထားချိန် အသင်းအပေါ် ရာနှုန်းပြည့်ပေးဆပ်ခဲ့တဲ့ တူချယ်ကို နာမည်ကြီး နည်းပြ ဂျိုဆေး မော်ရင်ညို ပြီးရင် အချစ်ဆုံး ဖြစ်ကြတယ်ဆိုတာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး။
ချဲလ်ဆီးက အထုတ်ခံရအပြီး လပိုင်းအကြာမှာပဲ တူချယ်ဟာ ဘိုင်ယန်မြူးနစ် နည်းပြသစ် ဖြစ်လာပြီး ၊ ရာသီအကုန်မှာ နည်းပြဘဝ ပထမဆုံး ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ တူချယ်က ဂျာမန်မြေမှာ ဝေဖန်မှုတွေက ပြင်းထန်ကြောင်း ဖွင့်ဟရင်း ၊ သူဟာ အင်္ဂလန်နဲ့ ချဲလ်ဆီးမှာ ရှိနေစဉ်က ပိုတန်ဖိုးထားခံရတယ်လို့ ယူဆကြောင်း အခုလိုပဲ ဝန်ခံစကားဆိုလာပါတယ်။
တူချယ် က “ဟုတ်ပါတယ် ။ ဒါက အတော် ရိုးရှင်းတဲ့ မေးခွန်းလေးပါပဲ ။ ကျွန်တော်တို့ဟာ ဂျာမနီမှာဆို တစ်ယောက်အပေါ်တစ်ယောက် အရမ်း ဝေဖန်ကြတယ်လို့ ခံစားရပါတယ်။ အထူးသဖြင့် ကစားသမားတွေ ၊ နည်းပြတွေနဲ့ ပတ်သက်လာရင်ပေါ့ ၊ ဒီဝေဖန်မှု စက်ကွင်းကနေ လွတ်မြောက်နိုင်ဖို့ အရမ်း ခဲယဉ်းပါတယ်။ ပုံရိပ်တခု ရှိပြီဆိုရင် ၊ အဲဒီပုံရိပ်က နောက်နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာလည်း ဒီပုံရိပ်အတိုင်းပဲ ရှိနေမှာပါပဲ။ ဟုတ်ပါတယ် ။ ကျွန်တော် အင်္ဂလန်မှာ ပိုပြီး တန်ဖိုးထားခံရတယ်လို့ ခံစားခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Source : Metro.co.uk
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #သောမတ်စ်တူချယ် #ရိုမန်အေဘရာမိုဗစ်ခ်ျ #ဂျိုဆေးမော်ရင်ညို #ချဲလ်ဆီး #Online #Games #Myanmar #OnlineGamesMyanmar