တန်ဟတ်ကို ထောက်ခံပြီး ယူနိုက်တက်ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ရွန်းနီ

တန်ဟတ်ကို ထောက်ခံပြီး ယူနိုက်တက်ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အလွန်ကောင်းတဲ့နည်းပြတစ်ဦးဖြစ်တယ်လို့ ထောက်ခံပြောကြားခဲ့ပြီး ကစားသမားတွေအနေနဲ့ အခုထက်ပိုပြီး ကြိုးစားအားထုတ်မှုပြုလုပ်ရမယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့တဲ့ ရွန်းနီဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၅၅၉ ပွဲကစားပြီး ၂၅၃ ဂိုးအထိ သွင်းယူပေးခဲ့တာကြောင့် ကလပ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားပါတယ်။ ယခုအခါမှာတော့ ကစားသမားဟောင်းက ကလပ်ကို အခုလို အမှတ်ပေးဇယားရဲ့အောက်ခြေမှာ မြင်တွေ့နေရတာက သူ့အတွက် ခက်ခဲတယ်လို့ဆိုပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲသာကစားရသေးပေမဲ့ မန်နေဂျာအဲရစ်တန်ဟက်ကတော့ အသင်းကနေ ထုတ်ပယ်ခံရဖို့ အလားအလာရှိနေပြီး ဖိအားတွေအောက်ရောက်နေသော်လည်း ရွန်းနီက နယ်သာလန်သားဟာ ကလပ်ရဲ့ကံကြမ္မာကို အချိန်တိုအတွင်း ပြောင်းလဲနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပါတယ်။

တန်ဟက်ဟာ ယူနိုက်တက်အတွက် သင့်တော်တဲ့နည်းပြတစ်ဦးလားလို့မေးမြန်းခဲ့ရာ ရွန်းနီက “လက်ရှိအချိန်မှာတော့ အသင်းက သိသိသာသာကြီးပဲ အကျဘက်ရောက်နေပါတယ်။ အဲရစ်တန်ဟက်က အရမ်းကောင်းတဲ့နည်းပြတစ်ယောက်ဆိုတာ သေချာပါတယ်။ သူက ဘယ်အသင်းမှာဖြစ်ဖြစ် ဆုဖလားတွေဆွတ်ခူးနိုင်ခဲ့ပြီး ယူနိုက်တက်အတွက်လည်း ဖလားတွေယူပေးခဲ့ပါတယ်။ အခုလို ခက်ခဲတဲ့ အချိန်အပိုင်းအခြားတွေကိုလည်း ကျော်ဖြတ်ရမှာတော့ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

တန်ဟတ်ကို ထောက်ခံပြီး ကစားသမားတွေကို ဝေဖန်လိုက်တဲ့ ရွန်းနီ jdbkx

ဒီရာသီမှာ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီး ၃ ပွဲသာအနိုင်ရရှိထားကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပါတယ်။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ရွန်းနီက “လက်ရှိ ယူနိုက်တက်ရဲ့အခြေအနေက အမှတ်ပေးဇယားကို စိန်ခေါ်ဖို့အတွက်တော့ ခက်ခဲနေမယ်ဆိုတာ ဝန်ခံရမှာပါပဲ။ အသင်းက အဆင့် ၁၄ ထိရောက်နေတယ်လေ။ အသင်းရဲ့ကစားသမားတွေအနေနဲ့ သူတို့ကိုယ်သူတို့ တိုးတက်ဖို့လိုနေတယ်ဆိုတာ သိကြမယ်လို့တော့ထင်ပါတယ်”

“တန်ဟက်ကတော့ သူတတ်နိုင်သလောက် ဘက်ပေါင်းစုံကနေကြိုးစားနေပေမဲ့ ကစားသမားတွေကတော့ ကျွန်တော်ပြီးခဲ့တဲ့နှစ်ကပြောခဲ့သလိုပဲ သူတို့လုပ်နေတဲ့အရာကို ဒီထက်ပိုကောင်းအောင်လုပ်သင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကစားသမားပြောင်းလဲမှုတွေ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပါတယ်။ ကစားသမားတွေအားလုံး စိန်ခေါ်မှုတွေလုပ်နိုင်တာကို မြင်ချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

တန်ဟက်နဲ့ ယူနိုက်တက်ကစားသမားတွေကို ဘယ်လိုအကြံပေးချင်သလဲလို့မေးမြန်းခဲ့ရာ အင်္ဂလန်တိုက်စစ်မှူးဟောင်းက “ကျွန်တော့်အနေနဲ့ တန်ဟက်ကို အကြံပေးဖို့မလိုအပ်ပါဘူး။ သူကမန်ချက်စတာယူနိုက်တက်နည်းပြဖြစ်ပြီး အတွေ့အကြုံတွေအများကြီးရှိတဲ့သူပါ။ အခုလို ခက်ခဲတဲ့အချိန်တွေမှာ လုပ်သင့်တာကတော့ အလုပ်ပြင်းပြင်ထန်ထန်လုပ်ပြီး အခြေခံအချက်တွေကို လိုက်နာဖို့ပါပဲ။ ဗီလာဆီကနေ အမှတ်ခွဲဝေယူနိုင်ခဲ့တဲ့ပွဲမှာ အသင်းရဲ့စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့ ဒီထက်ပိုကောင်တဲ့ ရလဒ်မျိုးကိုမြင်ချင်မှာပါပဲ။ ပြီးတော့ အခုကစပြီး ရလဒ်ကောင်းတွေပြန်ရဖို့မျှော်လင့်နေကြပါလိမ့်မယ်” လို့ဖြေကြားခဲ့ပါတယ်။

 

Source: dailymailco.uk

#jdbkx.net #ဝိန်းရွန်းနီ #အဲရစ်တန်းဟတ် #မန်ချက်စတာယူနိုက်တက် #Online #Games  #Myanmar #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *