
အာမိုရင်လက်အောက်မှာ ယူနိုက်တက်စတားဟောင်းကို မြင်ချင်နေတဲ့ ဝိန်းရွန်းနီ
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်နီက အာမိုရင်လက်အောက်မှာ စတားဟောင်း ဒန်နီဝဲလ်ဘတ်ကို မြင်ချင်နေပါတယ်။ အသက် ၃၄ နှစ်သားဟာ ၂၀၁၄ ယူနိုက်တက်ကနေမထွက်ခွာခင် အကယ်ဒမီကနေတောက်လျှောက် စီနီယာအသင်းမှာနေရာရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အင်္ဂလန်စတားဟောင်း တနင်္ဂနွေနေ့တုန်းက နယူးကာဆယ်ကိုအနိုင်ရခဲ့တဲ့အက်ဖ်အေဖလားပွဲမှာ အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ဝဲလ်ဘတ်ဟာ ဘရိုက်တန်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပရီးမီးယားလိဂ်မှာ ၇ ဂိုးအထိသွင်းယူထားနိုင်ခဲ့ ကာဘရိုက်တန်အတွက်ပါတယ်။ အဆိုပါဂိုးအရေအတွက်ဟာ ဒီရာသီမည်သည့်ယူနိုက်တက်ကစားသမားထက်မဆို များပြားနေတာဖြစ်ပြီး ရွန်းနီက အာမိုရင် ရဲ့အသင်းမှာ ဝဲလ်ဘတ်ကို မြင်ချင်နေပါတယ်။ “ကျွန်တော် အရိုးသားဆုံးပြောမယ်ဆိုရင် ဒန်နီက အကောင်းဆုံးကစားနိုင်တယ်လို့ ပြောချင်ပါတယ်။ သူ့ကို ကျွန်တော် ယူနိုက်တက်မှာကစားတာ မြင်ချင်နေဆဲပါ။
ကစားသမားဘဝတစ်လျှောက် ဂိုးတွေအများကြီး သွင်းယူထားနိုင်ပါတယ်။ အစောပိုင်းကစားသမားဘဝမှာ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ သူအဲ့တာတွေကို ကျော်လွှားနိုင်ခဲ့ပါပြီ။ သူက အခုတော့ တကယ်ကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေပါပြီ”လို့ ဝိန်းရွန်းနီက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာအနိုင်ရရရှိထားပြီး အက်ဖ်အေဖလားမှာလည်း ဖူလ်ဟမ် ကိုပင်နယ်တီနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အာမိုရင်ရဲ့ယူနိုက်တက်အတွက် ဒီရာသီတစ်ခုတည်းသောမျှော်လင့်ချက်အဖြစ် ယူရိုပါလိဂ်သာ ကျန်တော့တာဖြစ်ပါတယ်။
Source : portingnews.com
mly informative and well-written!”