
ဘိုင်ယန်မြူးနစ် နဲ့ပွဲမှာပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့တဲ့ သူတို့ရဲ့လွဲချော်မှု တစ်ခုအကြောင်းပြောပြလာတဲ့ အာတီတာ
အာဆင်နယ်အသင်းနည်းပြ အာတီတာ က အိမ်ကွင်း အမ်းမရိတ်တွင် ဘိုင်ယန်မြူးနစ်အသင်း နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဘန်ဝှိုက် ရဲ့ အပိုင်အခွင့်အရေး အဆုံးမသတ်နိုင်မှုဟာ ပွဲအပေါ် သက်ရောက်မှု ကြီးမားခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဆာကာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို ဦးဆောင်နေချိန်မှာ ဒုတိယမြောက် ဦးဆောင်ဂိုး ဖြစ်သွားစေမဲ့အခွင့်အရေးမျိုး ဘန်ဝှိုက် လွတ်လွတ်ကျွတ်ကျွတ် ရခဲ့ပေမဲ့ ဂိုးသမား နော်အာ တည့်တည့်ကိုပဲ ကန်မိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်ကစား နိုင်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်း ရဲ့ ကွင်းဘက်ခြမ်းမှာ ကျွန်တော်တို့ လွှမ်းမိုးချုပ်ကိုင်မှုအပြည့်နဲ့ ကစားနိုင်ခဲ့တာပါ ၊ ကျွန်တော်တို့ အရှိန်အဟုန်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ဦးဆောင်ဂိုးလည်း စသွင်းနိုင်ခဲ့ပါတယ်”
“နောက်တော့ ပွဲရဲ့အရေးပါတဲ့ အခိုက်အတန့်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ နော်အော ရှေ့မှာ ၂-၀ ဖြစ်သွားစေမဲ့ အခွင့်အရေးမျိုး ဘန်ဝှိုက် ရခဲ့တာပါ၊ ကျွန်တော်တို့အနေနဲ့ အဲ့ဒီလိုအခွင့်အရေးမျိုးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့လိုပါတယ်။ ချန်ပီယံလိဂ်မှာ ကိုယ့်ဘက်က အခွင့်အရေးကို အသုံးချနိုင်ဖို့လိုသလို ပြိုင်ဘက်ကိုလည်း အခွင့်အရေးပေးလို့မရပါဘူး”
“ကျွန်တော်တို့ ဒီနေ့ ပြိုင်ဘက်ကို သွင်းဂိုး ၂ -ဂိုး ပေးခဲ့ပါတယ်။ ဒီလို ပြိုင်ပွဲမှာ အသင်းတွေကြား ကွာဟမှုက အတော်လေးကျဉ်းမြောင်းပါတယ် ၊ ပြိင်ဘက်ကို ဘာအခွင့်အရေးမှ ပေးလို့ မရပါဘူး ၊ ၂-၁ ဖြစ်သွားချိန်မှာ လူစားဝင်လာတဲ့ ကစားသမားတွေက အသင်းအပေါ် အကျိုး ပြုခဲ့တာပါ ၊ သူတို့ရဲ့ ကွင်းထဲ ဝင်ရောက်လာလာချင်း စွမ်းဆောင်ရည် ၊ လှုပ်ရှားမှု နှင့် အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းမှုက အသင်းအတွက် ထိရောက်မှု ရှိခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
Source : theguardian.com
#jdbkx.com #အားကစားသတင်း #အာတီတာ #အာဆင်နယ် #ဘိုင်ယန်မြူးနစ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames