ပိုလန်နဲ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုး ဗက်ဟော့စ် jdbKX

ပိုလန်နဲ့ပွဲစဉ်မှာ နောက်ကျအနိုင်ဂိုး သွင်းယူနိုင်မယ်ဆိုတာ ကြိုတင်ခန့်မှန်းခဲ့တယ်လို့ ဆိုလိုက်တဲ့ ဗက်ဟော့စ်

မန်ယူနိုက်တက် တိုက်စစ်မှုးဟောင်း ဝုဒ်ဗက်ဟော့စ်က သူဟာ ပိုလန်နဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မှာ နယ်သာလန် အတွက် အနိုင်ဂိုးသွင်းနိုင်လိမ့်မယ်ဆိုပြီး ကြိုတင်ခန့်မှန်းခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ နယ်သာလန် နဲ့ ပိုလန်တို့ ၁-၁ ဖြစ်နေချိန်မှာ ဗက်ဟော့စ်ဟာ ၈၁ -မိနစ်မှာ ဒီပိုင်းအစား လူစားဝင်ကစားခဲ့ပြီး ၂ -မိနစ် အကြာမှာပဲ ပထမဦးဆုံး ဘောလုံးထိချက်နဲ့ အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၃၁ – နှစ်အရွယ် တိုက်စစ်မှုးဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းကလည်း အာဂျင်တီးနား ပွဲစဉ်မှာ လူစားဝင်လာပြီးနောက် ချေပဂိုး ၂ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပြီး နိုင်ငံရဲ့ super sub အဖြစ် နာမည်ကောင်း ရနေပါတယ်။ လက်ရှိမှာဆိုရင်လည်း ဗက်ဟော့စ်ဟာ နယ်သာလန်အတွက် အရေးပါလှတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဒီလို ဂိုးသွင်းနိုင်မယ်လို့ ကြိုတင်ခံစားမိခဲ့တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဗက်ဟော့စ်က “ဒီလိုမျိုး ခံစားချက်မျိုးကို ရနေခဲ့ပါတယ်။ ကျွန်တော် ဒီမနက် အစောပိုင်းတုန်းက ကျွန်တော့်ရဲ့ ကောင်မလေးကိုတောင် ပြောခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူမဟာ ဒီပွဲကို လာရောက်ကြည့်ရှုဖို့ အတွက် မသေမချာ ဖြစ်နေခဲ့လို့ပါ။ ကျွန်တော်က သူမကို ‘ဒီပွဲဟာ သရေ ဖြစ်နေလိမ့်မယ်။ ပွဲပြီးဖို့ အတွက် မိနစ် ၂၀ -အလိုမှာ ငါလူစားဝင်လာပြီး အနိုင်ဂိုး သွင်းယူနိုင်လိမ့်မယ်။’ ဆိုပြီး ပြောခဲ့ပါတယ်။ တစ်ခါတစ်ရံ ရင်ထဲကနေ ဒါမျိုးကို ခံစားမိခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

နယ်သာလန် မန်နေဂျာ ရော်နယ်ကိုးမန်းက ဗက်ဟော့စ်ဟာ ယူရိုမှာ အရန်ကစားသမား အဖြစ် ရပ်တည်နေရမှု အပေါ် ကျေနပ်မှုတော့ မရှိခဲ့ဘူးလို့ ထုတ်ဖော်ခဲ့ပါတယ်။

ကိုးမန်းက “ပွဲထွက်ကစားခွင့်ရမဲ့ သူတွေကော ဒုတိယပိုင်းမှာ ကျွန်တော်တို့ ခြားနားတဲ့ ကစားပုံ လိုအပ်တဲ့အခါ အရန်ခုံကနေ ဝင်ကစားရမဲ့ သူတွေကော ကျွန်တော် အားလုံးကို သူတို့ရဲ့ position အကြောင်း ရှင်းပြခဲ့ပါတယ်။ ဗက်ဟော့စ်ကတော့ အနည်းငယ် စိတ်ပျက်ခဲ့ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ တုန့်ပြန်ပုံပါပဲ။ သူဟာ စိတ်ပျက်နေခဲ့ပေမဲ့ ပွဲထွက်ခွင့်ရဖို့ အတွက် တအားကို ကြိုးစားနေပါတယ်။

ကျွန်တော်တို့ ပထမပိုင်းမှာ ခံစစ်ကိုကျော်ကာ ပြေးလွှားမှုတွေ သိပ်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကစားပုံ aggressive ဖြစ်ပြီး ခေါင်းတိုက်လည်း ကောင်းသူပါ။ ဒီပွဲမှာ သူဟာ အခွင့်အရေး တစ်ကြိမ်ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

Source: france24.com

#jdbkx.net #ယူရို၂၀၂၄ #ဗက်ဟော့စ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

2 comments

  • Your work has captivated me just as much as it has captivated you. The visual display is elegant, and the written content is impressive. Nevertheless, you seem concerned about the possibility of delivering something that may be viewed as dubious. I agree that you’ll be able to address this issue promptly.

  • Thank you for sharing. I share your level of appreciation for the work you’ve completed. The painting you’ve revealed is exquisite, and the material you’ve written is sophisticated. You appear to be concerned about heading in a direction that could be seen as questionable. I recommend that you resolve this issue quickly.

Leave a Reply

Your email address will not be published. Required fields are marked *