ဝက်စ်ဟမ်းအသင်း ရဲ့ အငြင်းပွားဖွယ်သွင်းဂိုးနဲ့ ပတ်သက်ပြီး အာတီတာ ဘာပြောခဲ့သလဲ

ဒီတစ်ပတ် ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ -မှာတော့ အာဆင်နယ်အသင်းဟာ အိမ်ကွင်းအမ်းမရိတ်မှာ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို နှစ်ဂိုးပြတ် အရေးနိမ့်သွားခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်း နဲ့ ပွဲမှာ ဂိုးပေါက်ကန်သွင်းမှုတွေ ၊ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အများအပြားလုပ်နိုင်ခဲ့ပေမဲ့ တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ်စွမ်းရည်က ဆိုးရွားခဲ့သလို နိုင်လိုစိတ်ကင်းမဲ့တဲ့ ပုံစံဖြစ်နေခဲ့ပြီး အိမ်ကွင်းမှာ ထိုက်ထိုက်တန်တန် အရေးနိမ့်သွားခဲ့ရတာပါ ။ နောက်ဆုံးမိနစ်မှာ ရိုက်စ်ကြောင့် ပေးလိုက်ရတဲ့ပင်နယ်တီကို ရာယာ ကာကွယ်နိုင်ခဲ့တာကြောင့်သာ အာဆင်နယ် အသင်း ၃- ဂိုးပြတ် အရေးမနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာ ဝက်စ်ဟမ်းအသင်းရရှိခဲ့တဲ့ ဦးဆောင်ဂိုးဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရပြီး နည်းပြအာတီတာ ကတော့ ပွဲအပြီးမှာ လက်ရှိ အသုံးပြုနေတဲ့ နည်းပညာတွေဟာ ကောင်းမွန်လုံလောက်ခြင်း မရှိကြောင်း ဝေဖန်သွားခဲ့ပါတယ်။

“ကျွန်တော် မမြင်လိုက်ပါဘူး ၊ ဒါပေမဲ့ သူတို့ဘက်မှာလည်း ဂိုးစည်းမကျော်သွားကြောင်း သက်သေပြစရာ အထောက်အထား ဓါတ်ပုံရှိမနေပါဘူး ၊ နည်းပညာတွေ ဒီလောက် ထွန်းကားနေတဲ့အချိန်မှာ ဂိုးစည်းမကျော်ကြောင်း ပြစရာရှိမနေတာက ရှက်စရာပါပဲ။ လက်ရှိအချိန်မှာ အသုံးပြုနေတဲ့ နည်းပညာက တိကျရှင်းလင်းတဲ့ အဖြေမပေးနိုင်ဘူး ၊ လုံလောက်ကောင်းမွန်မှု မရှိဘူးဆိုရင် ကျွန်တော်တို့ ပိုမိုကောင်းမွန်တဲ့ နည်းပညာကို သုံးရပါမယ် ”
“အဲ့ဒီဂိုးသာ မပေးရဘူးဆိုရင် ကျွန်တော်တို့ ဒီကနေ့ ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ ပွဲကိုအနိုင်ရသွားနိုင်ပါတယ်။ အခုတော့ ပြီးသွားပါပြီ ၊ ကျွန်တော်တို့ လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး ၊ နည်းပြ ဘဝသက်တမ်းတစ်လျှောက် စိတ်ပျက်စရာ အကောင်းဆုံး ညတစ်ညပါပဲ။ ဒါပေမဲ့ ဒါကဘောလုံးပါပဲ ”

“ပုံမှန်အားဖြင့် အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ရင် ပွဲကိုအနိုင်ရတာပါပဲ ။ ဘရိုက်တန် နဲ့ ပွဲမှာရော လီဗာပူးအသင်း နဲ့ ပွဲမှာ ဂိုးသွင်းခွင့်တွေရခဲ့ပြီး သွင်းဂိုးတွေရခဲ့ပါတယ် ၊ ကျွန်တော်တို့အနေနဲ့ ပွဲကို သက်သောင့်သက်သာ အနိုင်ရဖို့ ဆိုရင် အဆုံးသတ်စွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်ဖို့ လိုပါတယ်။ ဒီနေ့ ကျွန်တော်တို့ အနိုင်ရဖို့ထိုက်တန်ခဲ့တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Source : Goal.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း  #အာတီတာ #အာဆင်နယ် #အမ်းမရိတ် #ဝက်စ်ဟမ်း #အငြင်းပွားဖွယ်သွင်းဂိုး #Online #Games #Myanmar #OnlineGamesMyanmar

Loading

77 comments

Leave a Reply

Your email address will not be published. Required fields are marked *