
J. Robert Oppenheimer
“အော့ပန်ဟိုင်းမား” ရုပ်ရှင်ဟာ ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပါတယ်။
Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီးနာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr , Emily Blunt, Matt Damon, Rami Malek တို့ အစုံပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အတ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။
သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။ ပြီးတော့ Oppenheimer ရုပ်ရှင် ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ Christopher Nolan ကိုယ်တိုင်ရေးခဲ့တာပါ။
အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့ မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ ဦးဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။
အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကိုလှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။ ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း နာမည်ကြီးနေပါသေးတယ်။ ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီးသိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။ အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။
Oppenheimer ရုပ်ရှင်ကို U.Kနိုင်ငံမှာ premiere ပွဲတစ်ခုပြုလုပ်တုန်းက ရုပ်ရှင်နဲ့ပက်သက်တဲ့ လူတွေအတော်များများဒီပွဲကိုတက်ရှိခဲ့ပါတယ်။
ဒီပွဲက SAG-AFTRA strike တွေမစခင်မှာကျင်းပခဲ့တဲ့ပွဲတစ်ခုပါ။
The NewYork Times Media နဲ့အတိုချုံးစကားပြောတုန်းမှာ သူ့အနေနဲ့ ဒီဇာတ်ကားမှာ ဘယ်တုန်းကမှ သူသရုပ်မဆောင်ဖူးတဲ့ဇာတ်ရုပ်နဲ့သရုပ်ဆောင်သွားတယ်ဆိုတာရယ်၊ သူ့ fan တွေက သူ့ကိုမြင်တာနဲ့ Iron Man လို့မြင်နေတဲ့ အရာတွေကွာကျသွားမယ်လို့ပြောသွားခဲ့ပါတယ်။
ပြီးတော့ထပ်မံပြောသွားခဲ့တာက
“ဒီဇာတ်ကားကကျွန်တော်ပါဝင်ဖူးသမျှဇာတ်ကားတွေထဲအကောင်းဆုံးတစ်ခုပါ။ ပြီးတော့ဒီဇာတ်ကားကို ခင်ဗျားကိုမြင်ပြီးအတွေ့အကြုံယူနိုင်ဖို့ ကျုပ်မစောင့်နိုင်တော့ပါဘူး” ဆိုပြီးပြောသွားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် မင်းသား ခေလီယံ မာဖီက လက်ရှိ ရုံတင်ပြသနေတဲ့ Oppenheimer ဇာတ်ကားမှာ ဇာတ်ဝင်ခန်းတစ်ခုအတွက် ဒတ်ချ်စကားလုံးပေါင်း ၃၀၀၀၀ ကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ သူဟာ ပိန်ပိန်ပါးပါးဖြစ်တဲ့ အော့ပန်ဟိုင်းမားဇာတ်ကောင်ဖြစ်ဖို့အတွက် Diet လည်း လုပ်ခဲ့ရပါတယ်။
Oppenheimer ဇာတ်ကားကို ၅၇ ရက်တည်းနဲ့ ရိုက်ကူးခဲ့တာပေမဲ့ ခေလီယံက ဒီဇာတ်ရုပ်အတွက် ၆ လပြင်ဆင်ခဲ့ရပါတယ်။ အော့ပန်ဟိုင်းမားဇာတ်ကောင်က နိုင်ငံရပ်ခြားက ကျောင်းသားတွေကို စာပို့ချတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းအတွက် ဒတ်ချ်ဘာသာစကားကို လေ့ကျင့်ခဲ့ရပါတယ်။
ဒတ်ချ်ဘာသာစကားအတွက် ရိုက်ကွင်းက အကူအညီတချို့လည်းရခဲ့ပါတယ်။ ဓာတ်ပုံဒါရိုက်တာက ဒတ်ချ်လူမျိုးဖြစ်တဲ့အတွက် သူပြောပေးတဲ့စကားတွေကို ခေလီယံက ဖုန်းနဲ့ အသံသွင်းထားပြီး ပုံမှန်နားထောင်ဖြစ်ခဲ့ပါတယ်။ ဒတ်ချ်ဘာသာစကားကို လေ့ကျင့်ဖို့အတွက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင် အချိန်မကုန်ဖြစ်ခဲ့ဘူး။
ခေလီယံက အားလပ်ရက်မှာတောင် အပြင်မထွက်ဘူးဆိုတာကို သူ့ရဲ့တွဲဖက်သရုပ်ဆောင် ရောဘတ် ဒေါင်းနီ ဂျူနီယာက အခုလိုပြောပါတယ်။ “ကျွန်တော့်အသက်မွေးဝမ်းကြောင်းမှာ ဇာတ်ဆောင်တစ်ယောက်ရဲ့ကြီးမားတဲ့အနစ်နာခံမှုကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ ဟေး…ငါတို့ နားရက် ၃ ရက်ရှိတယ်။ ဆန်တာဖေးကို သွားရင်သွားကြမယ်။ မင်း ဘာလုပ်မလို့လဲလို့ ပြောရင် သူက ဒတ်ချ်စကားလုံး ၃၀၀၀၀ လေ့လာရမယ်။ သာယာတဲ့အချိန်လေးဖြစ်ပါစေ။ ဒါက အလုပ်ရဲ့သဘောသဘာဝပဲတဲ့”

Source – Unilad.com , Bangkokpost
ဇာတ်ကားအပြည့်အစုံကို The Movies for You မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ။
အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link