body double လုံးဝမသုံးခဲ့တဲ့ အမေရိကရဲ့ အသည်းကျော်ပဲလှော်လေး Jennifer Lawrence

No Hard Feelings

body double လုံးဝမသုံးခဲ့တဲ့ အမေရိကရဲ့ အသည်းကျော်ပဲလှော်လေး Jennifer Lawrence

Jennifer Lawrence ကတော့ No Hard Feelings ထဲက ဝတ်လစ်စလစ်အခန်းတွေအားလုံးကို လူစားလုံးဝမထိုးဘဲ ကိုယ်တိုင်ပဲ သရုပ်ဆောင်ခဲ့တာပါ။ ဒီရုပ်ရှင် စထွက်လာတုန်းက birthday suit နဲ့ အခန်းတွေ တွေ့ရတဲ့အခါ Jennifer Lawrence တစ်ယောက် body double သုံးတယ်၊ မသုံးဘူးဆိုပြီး မျိုးစုံခန့်မှန်းချက်တွေ ထုတ်ခဲ့ကြပါတယ်။

ဒါတွေအားလုံးကို ငြိမ်သက်သွားစေဖို့ Variety နဲ့ အင်တာဗျူးမှာပဲ ဒီအခန်းတွေအားလုံးကို လုံးဝလူစားမထိုးဘဲ သူမ ကိုယ်တိုင် သရုပ်ဆောင်ထားကြောင်း အတည်ပြုပေးသွားခဲ့ပါတယ်။

ကျွန်မဘဝထဲက လူတွေအားလုံးရော၊ ကျွန်မရဲ့ team တစ်ခုလုံးကရော သေချာရဲ့လားလို့ အထပ်ထပ် အခါခါ ဝိုင်းမေးခဲ့ကြပါတယ်။ ကျွန်မကတော့ ဒါကိုလုပ်ဖို့ နှစ်ခါတောင် မတွေးခဲ့ရပါဘူး။ ရယ်စရာတော့ကောင်းတယ်ရှင့် …” လို့ Jennifer Lawrence က Variety ကို ပြောထားတာပါ။

No Hard Feelings ကတော့ ချမ်းသာတဲ့ မိဘရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ Uber driver အမျိုးသမီးတစ်ယောက်ရဲ့ကြားက အပေးအယူနဲ့ စတင်ခဲ့တဲ့ ဆက်ဆံရေးအကြောင်း ဖြစ်ပါတယ်။

ဒီလိုဝတ်လစ်စလစ်အခန်းတွေ ပါဝင်တဲ့အပြင် Jennifer Lawrence နဲ့ Andrew Barth Feldman တို့ဟာ အသက်ဆယ်နှစ်ကျော် ကွာနေတဲ့အတွက် မသင့်တော်ဘူးလို့လည်း တချို့ဝေဖန်ရေးသမားတွေက ပြောခဲ့ကြပါသေးတယ်။

ဒါကိုတော့ Silver Linings Playbook ထဲမှာ Bradley Cooper နဲ့ သရုပ်ဆောင်ခဲ့တုန်းကဆိုရင် Jennifer Lawrence ဟာ အသက်(၂၁)နှစ်ကျော်သာ ရှိသေးပြီး Cooper နဲ့လည်း အသက်(၁၅)နှစ်တောင် ကွာခဲ့ပေမယ့် အဲဒီတုန်းက ဘယ်သူကမှ ဘာမှမပြောခဲ့ကြပါဘူးလို့ ဒါရိုက်တာ Gene Stupnitsky က ပြန်လည်ချေပထားပါတယ်။

Jennifer Lawrence ကိုယ်တိုင်ကတော့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးလို့ သူသိပ်ကြိုက်သွားတဲ့အခါ၊ ကာရိုက်တာရဲ့ အဲဒီအခိုက်အတန့်ကို သူကိုယ်တိုင် လုပ်မှ ဖြစ်မယ်လို့ ယူဆမိသွားတဲ့အခါ ဝတ်လစ်စလစ်အခန်းတွေကို လူစားထိုးချင်စိတ် မရှိတော့ဘူးလို့ ဆိုပါတယ်။ ကာရိုက်တာအတွက် အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုကို သူမရဲ့ မဆိုင်တဲ့ စိတ်မလုံခြုံမှုတချို့ကြောင့် မပျက်စီးစေချင်ဘူးလို့လည်း ပြောဖူးပါသေးတယ်။

No Hard Feelings ကတော့ Jennifer Lawrence အတွက် ပထမဆုံး birthday suit နဲ့ ရိုက်ဖူးတဲ့ကား မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Red Sparrow ထဲမှာတော့ ပထမဆုံးအနေနဲ့ အရှေ့တည့်တည့်က ကိုယ်လုံးပေါ် ဝတ်လစ်စလစ် အနေအထားကို လူစားမထိုးဘဲ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source – screenrant.com

ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *