
The Gods Must Be Crazy (1980)
( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ )
.……………………………………………………………
” ပီတာက ဆိတ် (၇) ကောင်ပေးမယ်ဆိုလို့ ကျွန်တော်လိုက်လာတာ ၊ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော်အခုမကြားဖူးတာဗျ။ ဒီမှာ နေအခါ (၃၀) ဝင်တဲ့အထိ နေရမယ်ပြောတယ်။ ပြီးရင် ကျွန်တော် စန်တို့ရှိတဲ့ဆီကို ဆိတ် (၇) ကောင်ယူပြီးပြန်မယ်။ ”
N!xau Toma
တောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေး ၊ အပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်း တစ်နေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတစ်ရွာ ရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲက ကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိုးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက (၁၂) ရာစု လူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိုးနွယ်စုရဲ့ ရွာလေးပါ။ အမဲလိုက် ၊ ပျားအုံဖွတ် ၊ ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိုးမှုကိုတောင် မသိရှိသလို သူတို့ဘာသာစကားဟာ လူ(၁)သောင်းတောင်မသိတဲ့ ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိုးနွယ်ပါ။ (၃) နှစ်လောက်နေမှ မြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုက သူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလို နတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကို ယုံကြည်ကိုးကွယ်ကြတဲ့လူမျိုးတွေပါ။ မှတ်တမ်းများအရ ဒီလူမျိုးစုစစ်စစ်ဟာ (၂၀၀) ကျော်သာကျန်တော့ပြီး သစ်တောပြုန်းတီးမှု ၊ တောင်အာဖရိက ကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့ သူပုန်တွေကြောင့် မျိုးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ (၃၀) ကို တစ်ရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာ ကမ္ဘာ့လူမျိုးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့ အလှမ်းဝေးလွန်းခဲ့ပါတယ်။
အချိန်အားဖြင့် (၁၉၄၄) ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ဒီရွာလေးမှာ N!xau Toma ဆိုတဲ့လူရိုင်းလေးတယောက်ကို မွေးဖွားခဲ့ပါတယ်။
ဖခင်ဖြစ်သူ ၊ မိခင်ဖြစ်သူ၊ ဦးလေးဖြစ်သူတွေနဲ့ တစ်မိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့ တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့ သူ့အကို N!aau သာကျန်ခဲ့ပြီး တခြားရွာသူကြီးက သူတို့ညီကို (၂)ယောက်ကို မွေးစားခဲ့ပါတယ်။
Niaau ဟာလဲ ၉-နှစ်သားမှာ အပျော်တမ်းအမဲလိုက်အဖွဲ့က ပစ်သတ်တာခံခဲ့ရပြီး Toma တစ်ယောက်ထဲ မိမဲ့ဖမဲ့မိသားစုမဲ့နဲ့ ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမဲ့ ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲမှာ အမဲလိုက် အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို (၁၉) နှစ်သားမှာ ငါးမွေးမြူဖို့ ရွံ့ကန်တခုကို သူလုပ်ခဲ့ပါပြီ ။ ဒါက သာမာန်လူတွေအဖို့ ကလေးတောင်သိတယ်ဆိုပေမဲ့ ဒီလိုလူရိုင်းတွေအဖို့တော့ နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကို ပေ(၃၀) နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလည်းပေါ့ပါးပြီး အဝေးပစ်နိုင်အောင် ရွာကလူတွေကို သူသင်ကြားပေးနိုင်ခဲ့ပါပြီ။

သူများတွေ တစ်လလောက်လိုက်ရတဲ့အမဲအုပ်ကို သူ (၁၀) ရက်နဲ့ လိုက်နိုင်သလို တောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လည်း ရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popular လဲဖြစ်လွန်းသူပါ။ ဒါပေမဲ့ သူ့အသက်ကို သူဘယ်လောက်ရှိမှန်း မရေနိုင်သလို တစ်ရက်တာအချိန်ကိုလည်း နေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတစ်ခါရွာရင် တစ်နှစ်လို့သိတဲ့ လူမျိုးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် (၁) နှစ်လို့အကြမ်းဖျဉ်းသိတဲ့လူမျိုးစုပါ။ နှစ်,လ,ရက်,နာရီတွေကို မသိသလို ဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ် (၅) ကောင်ရှိသူဟာ သူဌေးစာရင်းဝင်ဖြစ်ပြီး ကျွဲ ၁၀-ကောင်အမဲလိုက်နိုင်ရင် Hero ပါပဲ။ ဒီလိုနဲ့သူ့ အသက် (၂၅) လို့ထင်ရတဲ့အချိန်မှာ တခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ တယ်။ ရွာဆိုတာကလဲ လူ (၃၅) ယောက်သာရှိတဲ့ရွာလေးပါ။
Peter Jay
………………
ပီတာက Hollywood ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Jamie Uys ရဲ့သားပေါ့။ သူကိုင်တိုင်လည်း Setting သမား တစ်ယောက်ဖြစ်သလို အငယ်တန်းဒါရိုက်တာတစ်ယောက်ပါ။ သူဌေးသားဖြစ်ပေမဲ့ အမဲလိုက်ရတာကို ဝါသနာပါသူတယောက်။ (၁၉၇၉) ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း ၃-ယောက်တောင်အာဖရိကကို အမဲလိုက်ထွက်ခဲ့ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်တစီးနဲ့ သူငယ်ချင်းတွေအပျော်တမ်းအမဲလိုက်ရာကနေ အင်ဂျင်မတော်မဆမှုဖြစ်ပြီး လေယာဉ်ပျက်ကျမှုကြောင့် သူတို့သူငယ်ချင်းတသိုက်
ဟာ ကံဆိုးခဲ့ရပါတယ်။ မြို့ပြနဲ့ဆက်သွယ်မှုပြတ်သွားသလို သူတို့လေယာဉ်ပျောက်ဆုံးမှုဟာလည်း သတင်းမှာပါခဲ့ပြီး တစ်စီးလုံးသေဆုံးသွားကြောင်း ကြေငြာခဲ့ပါတော့တယ်။
…………………………………
ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာက ဒီသူဌေးသား ပီတာရဲ့အလောင်းကိုပါပဲ။ သေချာကြည့်မှ မသေသေးဘဲ
အသက်ရှင်နေသေးတာကိုသိခဲ့လို့ ရွာကိုကယ်လာပြီး ဆေးကုပေးခဲ့ပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရမယ်။ ပီတာဟာ အသက်ဘေးကနေ ဒီလူရိုင်းကြောင့် လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ ခြေထောက်တစ်ဖက်ကတော့ ဆုံးရှူံးခဲ့ရပါတယ်။ ပီတာ ဟာ ဒီလူရိုင်းရွာမှာ (၅) လအထိ သောင်တင်ခဲ့ပြီး Toma နဲ့လည်း သူငယ်ချင်းဖြစ်ခဲ့ပါတယ်။ ပီတာက Toma ကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မှုတွေကိုသင်
ပေးတယ်။ ဒါပေမဲ့ Toma ကမှတ်နိုင်စွမ်းမရှိသလို အလွဲလွဲအချော်ချော်လုပ်လို့ ဟာသတွေဖြစ်ခဲ့တာပေါ့။ ပီတာက idea တစ်ခုရသွားတယ်။
ဟာသကားတွေရိုက်တဲ့ Hollywood က သူ့သူငယ်ချင်း Nic နဲ့ ဒီလူရိုင်းရဲ့ အလွဲတွေကို ရုပ်ရှင်ရိုက်ရင် တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။ (၁၉၇၉) ခုနှစ် ဒီဇင်ဘာလမှာ ကံကောင်းထက်မစွာနဲ့ပဲ အာဖရိကသစ်တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေး ရခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတစ်ယောက်ထဲမပြန်ဘူး။ Toma ကိုပါခေါ်သွားချင်တယ်။ Toma ကလည်း မလိုက်ရဲဘူး။ ဒီလိုနဲ့ Tomaကို ဆိတ် ၇-ကောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ ဆိတ် (၇) ကောင်ဆိုတဲ့ပမာဏက Toma အဖို့ ရွာမှာသူဌေးဖြစ်မဲ့ အခွင့်အရေးပဲလေ။ ဒါကြောင့် ပီတာနဲ့အတူလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

The Gods Must Be Crazy (1980)

ဘုရားတွေရူးမလား လူတွေရူးမလား တော့မသိဘူး။ ဒီလို ၁,၂,၃,၄ တောင်မသိတဲ့လူရိုင်း တစ်ကောင်ကို မြို့ပေါ်ခေါ်လာပြီး ရုပ်ရှင်ရိုက်ချင်တဲ့ ပီတာရဲ့ idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။ အဖေဖြစ်သူ Jamie Uys ကိုပြောတယ်၊ ဒါပေမဲ့ လက်မခံဘူး။ ဘယ်ကလူရိုင်းကို ရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမဲ့ သားဖြစ်သူရဲ့ စိတ်အားထက်သန်မှုနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမှုသိပ်မရှိခဲ့ပဲ လေနေတဲ့သားကပြောလာတော့ အဖေဖြစ်သူက လက်ခံခဲ့ပါတော့တယ်။ သူကိုယ်တိုင် Producer လုပ်ပြီး ဒါရိုက်တာတွေကိုခေါ်ပေမဲ့ ဘယ်သူမှလက်မခံတဲ့အပြင် အဟားပါခံခဲ့ရတယ်။ နောက်ဆုံးသူကိုယ်တိုင်ပဲ ဒါရိုက်တာလုပ်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
The Gods Must Be Crazy ဆိုတဲ့ဒီကားကို (၁၉၈၄) ခုနှစ်၊ ဇူလိုင်လ ( ၉)ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာ ရုံတင်ခဲ့ပါတယ်။ (၅)သန်းပဲ အကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲ ဒီလူရိုင်းက တစ်လအတွင်း ရုပ်သံသတင်းတွေ interview တွေမှာပါလာခဲ့ပါတယ်။ ဒီကားကိုရိုက်ဖို့ အခက်အခဲများစွာရှိခဲ့သလို Camera နဲ့ချိန်ထားရင် သေနပ်ထင်လို့လန့်ပြီး ဝပ်မှောက်တတ်တဲ့ ဒီလူရိုင်းကြောင့် Camera တွေကို အဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကို အလုံး (၁၀) ထက်ပိုသင်လို့မရလို့ ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။
ထူးခြားမှုကတော့ ဒီကားထဲကရိုက်ကွက်တွေဟာ Toma သရုပ်ဆောင်နေတာမဟုတ်ပဲ တကယ်ထင်ပြီး လုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ ဒီကားဟာ ဒေါ်လာအမြတ်ငွေ သန်း (၁၁၀) ကျော်အထိ တစ်နှစ်အတွင်းရခဲ့သလို Toma ဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက် Toma ဟာ ဒေါ်လာ (၇) သန်းရခဲ့ပါတယ်။ ဒါပေမဲ့ ဒီဒေါ်လာတွေကို သူဘာမှန်းမသိလို့ လက်မခံခဲ့ဘဲ ပီတာကိုပဲ
ဆိတ် (၇) ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။ ပီတာဟာ ဒါကြောင့် Tomaကို ဆိတ်အကောင် (၃၀) နဲ့အတူ သူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ (၃၀၀) ကိုလည်း သူမလိုချင်တောင် အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီမှာတင်မပြီးသွားဘူး။ The Gods Must Be Crazy က အရမ်းအောင်မြင်လို့ 2 ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan
တွေက တောင်းဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအခါမှာတော့ The Gods Must Be Crazy 2 ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး
20th Century Fox က ထုတ်လုပ်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ TGMBC 2 ကို (၁၉၉၀)ခုနှစ် ၊ ဧပြီလ (၁၃) ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။ ရှေ့က (1)လိုပဲ အောင်မြင်မှုများစွာရခဲ့ပြီး ဒေါ်လာသန်း (၁၅၀)ကျော်အထိအမြတ်ငွေရရှိခဲ့ပါတယ်။ ဒီကားမှာတော့ Tomaရဲ့မိသားစုတစ်စုလုံးက ပါဝင်ရိုက်ကူးခဲ့ပြီး သားဖြစ်သူတွေ ရေကားနောက်ပါသွားမှုကို စိုးရိမ်တကြီးနဲ့နောက်ကလိုက်
တဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကို ရိုက်ကူးခဲ့တဲ့ကားပေါ့။ ဒီကားမှာသားဖြစ်သူတွေရဲ့ ဟာသအလွဲတွေလည်း ပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင် ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။ ကလေးတွေဖြစ်ပေမဲ့ တောတောင်ထဲအန္တရာယ်ကြုံလာရင် ကိုယ်တိုင်ကာကွယ်မှုတွေ လူရိုင်းတွေရဲ့ ရိုးသားတဲ့အကျင့်စရိုက်တွေကို ဒီကားမှာမြင်ရသလို ဟာသရော ကြေကွဲစရာလေးတွေကိုပါ မြင်ရစေတဲ့ကားတစ်ကားပါ။

ဒီကားအပြီးမှာတော့ Toma ရဲ့လုပ်ဆောင်ချက်က အရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကို တစ်ကမ္ဘာလုံးသိအောင်ပြသခဲ့သလို Toma ဟာလည်း ကမ္ဘာ့လူရိုင်းမျိုးနွယ်စုတွေကို ကမ္ဘာကပစ်ထားမှုကိုချပြလိုက်တဲ့ဇာတ်ကောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါတင် မကပါဘူး Toma ဟာ ကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကို ထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရော တောင်အာဖရိကလူမည်းတွေရဲ့ စားဝတ်နေရေးသံတမန်အဖြစ်ပါ ခန့်အပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဘာမှမသိဘူး interview တိုင်း talk show တိုင်း ရယ်ပြတာကလွဲရင် သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။
ဒီ၂-ကားအပြီးမှာတော့Toma ဟာ Hollywood အာဖရိကတင်မကဘဲ ဟောင်ကောင်ရုပ်ရှင်လောကကပါ ကမ်းလှမ်းခြင်းခံခဲ့ရ
ပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safari ဒီကားကလဲရှေ့ကTGMBC တွေလိုပဲ အောင်မြင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေါ်လာ သိန်း (၁၀၀)ကျော်ရခဲ့သလို Toma ရဲ့ ဘရုစလီလိုလုပ်ကွက်တွေကလည်း ဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲ အအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတစ်ကောင်နဲ့ တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။
ဒီကားအပြီး Toma ဟာ
Crazy Hong Kong (1993)
The Gods Must Be Funny in China (1994)
Sekai Ururun Taizaiki ( 1996 ) ကားတွေထွက်ခဲ့ပြီး
လူရိုင်းတွေထဲ အောင်မြင်မှုအကြီးမားဆုံးလူသားအဖြစ် 1996 ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီး ရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ် တစ်သက်တာအနုပညာရှင်ဆုကို ရခဲ့ပါတော့တယ်။ Toma ဟာ Sakei Ururun Taizaiki ဇာတ်ကားအပြီးမှာတော့ သူ့ရွာကိုပဲပြန်ချင်ကြောင်းပြောလာခဲ့လို့ ပီတာကပို့ပေးခဲ့ပြီး ရုပ်ရှင်ဘယ်တော့မှ ထပ်မရိုက်တော့ဘဲ မိသားစုနဲ့အတူ ရွာမှာပဲ အမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။ သူဟာ ဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း (၇၀) ကျော်ရရှိခဲ့ပေမဲ့ ဒီစက္ကူတွေက သူ့မိသားစုအတွက်
အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေးသူငယ်များ အစာအဟာရချို့တဲ့မှု Foundation ကိုအကုန်လှူဒါန်းခဲ့ပါတယ်။ Toma ဟာ ကမ္ဘာပေါ်က လူရိုင်းတွေရဲ့နေထိုင်မှု ရိုးသားမှု တောင်အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမှုကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီး ရုပ်ရှင်လောကမှာ ပထမဆုံးလူရိုင်းမင်းသားတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (၂၀၀၃) ခုနှစ်ဇူလိုင်လ
(၁၂)ရက်နေ့မှာတော့ Toma ဟာ ငှက်ဖျားရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။
ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့ အနုပညာလောကမှာ ဒီလူရိုင်းက ဘာမှသေချာမပြောတတ်ပဲ ဂဏာန်းအလုံး ၂၀-ထက် ပိုမမှတ်တတ်ဘဲ ငွေတွေ ၊ နာမည်ကြီးမှုတွေ ၊ အောင်မြင်မှုတွေကိုမသိဘဲ ဝင်ရောက်လာခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်လောကမှာ နာမည်တစ်ခုထားသွားခဲ့ပါတယ်။ အာဖရိကမော့စ် ပုလင်းမင်းသား လို့ မြန်မာကသိကြတဲ့ Toma ဟာ ဂျစ်ကားပြောင်းပြန်မောင်းတာတွေ ခြင်္သေ့လိုက်လို့ပြေးတာတွေ ၊ ပုလင်းတစ်လုံးနဲ့ တစ်ရွာလုံး ပြဿနာတက်တာတွေ၊ မြို့ပြကို သားဖြစ်သူတွေနောက်လိုက်ရင်း ဝရုန်းသုန်းကားဖြစ်တာ
တွေ၊ တရုတ်သရဲနဲ့ အသီးခူးတာတွေ တောတွင်း ဟာသအလွဲတွေနဲ့ သူ့ရိုးသားဖြူစင်တဲ့အပြုံး ၊ ဘဝမှာမိသားစုကလွဲပြီး ဘာမှမသိတဲ့လူတစ်ယောက်အဖြစ် ငွေကြေးအောင်မြင်မှုတွေမရှိဘဲ ပျော်ရွှင်တဲ့လူတယောက်အဖြစ်နေထိုင်နိုင်ကြောင်း၊ လူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရော ကမ္ဘာပေါ်ကလူတွေအတွက်မှာ မမေ့နိုင်စရာလူတစ်ယောက်ပါ။ သူဒေါ်လာသန်းချီ
ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီချမ်းသာမှုတွေနဲ့ မိသားစုဘဝကိုမလဲခဲ့ဘူး။ အောင်မြင်မှု Star Idol Fan ပရိတ်သတ်ဆိုတာကို မသိဘူး။ ဒီလိုလူမျိုး ရုပ်ရှင်လောကမှာရော အနုပညာလောမှာပါ တစ်ယောက်မှမရှိပါဘူး။
Forever Respect My Childhood Idol
Ref : Twitter
The Gods Music Be Crazy Book
Inc Magazine (Toma )
ထက်ဝန
ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link