မိုးပေါ်မှာကြယ်တစ်လုံး
စာအုပ်အမည် – ဆားပုလင်းနှင်းမောင်နှင့် မိုးပေါ်မှာကြယ်တစ်လုံး ရေးသားသူ – မင်းသိင်္ခ အမျိုးအစား – ဝတ္ထုရှည် ထူးထူးဆန်းဆန်း ရုပ်ပျက်ပြီး သေဆုံးနေတဲ့ မီးရထားရုံထဲက အလောင်းတစ်လာင်း၊ လူတိုင်းကို ကြောက်ရွံ့နေစေတဲ့ သရဲပုံပြင်တစ်ပုဒ်နဲ့ ဆားပုလင်းနှင်းမောင်တို့ရဲ့ အားပြိုင်ပွဲတစ်ခုအကြောင်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်ခံ့ခံ့နဲ့ ဖတ်ရမှာပါ။ ရုပ်ပျက်နေတဲ့ အလောင်းဟာ လူတွေထင်ကြေးပေးနေတဲ့ ရုံပိုင်ကြီးရဲ့ အလောင်းလား၊ သရဲတစ္ဆေတွေကရော တကယ်ရှိရဲ့လားဆိုတဲ့ မေးခွန်းတွေနဲ့အတူ ဝတ္ထုအဆုံးထိ မနားတမ်း ဖတ်မိသွားပါလိမ့်မယ်။
![]()