ဆာလာနဲ့ အမ်ဘတ်ပေတို့ရဲ့ ကစားပုံကိုလေ့လာနေကြောင်း ဖွင့်ဟလာတဲ့ ချဲလ်ဆီးစတား
လက်ရှိ နိုင်ငံတကာ ပွဲကာလအတွင်း သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေဆီ သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ချဲလ်ဆီး ကစားသမား တချို့ရှိပြီး ထိုအထဲမှာ အင်္ဂလန် ယူ ၂၁-တောင်ပံကစားသမား နွန်နီမက်ဒူးကီလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ် ။ မက်ဒူးကီဟာ ဒီရာသီ ချဲလ်ဆီးမှာ ကာရာဘောင်ဖလား ဒုတိယအဆင့် ပွဲတစ်ပွဲသာ ပွဲထွက်ခွင့် ရထားပေမဲ့ အင်္ဂလန် ယူ၂၁-အသင်းမှာ ဆက်လက် ရွေးချယ်ခံထားရပါတယ် ။ တမြန်နေ့ညက ကစားခဲ့တဲ့ ဆားဘီးယား ယူ၂၁-အသင်းနဲ့ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲမှာ မက်ဒူးကီ တစ်ယောက် ပွဲထွက်ခွင့်ရခဲ့ပါတယ် ။
![]()