ဘယ်အရာက သူ့ကိုအလုပ်ပြုတ်စေခဲ့သလဲဆိုတာ ပထမဆုံးအကြိမ် ထုတ်ပြောလိုက်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှား
ယူနိုက်တက် နည်းပြဟောင်း အိုလီ ဂန်နာ ဆိုးလ်ရှား က ရော်နယ်ဒို ကို အိုးလ်ထရပ်ဖို့ဒ် ဆီ ပြန်လည် ခေါ်ယူခွင့်ရှိနေခဲ့တာကို ငြင်းဆန်ပယ်ချဖို့ အရမ်းကို ခက်ခဲခဲ့ကြောင်း အချို့အရာတွေ မှားယွင်းခဲ့ပြီး အတ္တတွေ မာနတွေက သူ့ကို အလုပ်ပြုတ်စေခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ 2021 သြဂုတ်လတုန်းက ဂျူဗင်တပ် အသင်းမှ ထွက်ခွာလာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းဆီ ပြန်လည် ခေါ်ယူခဲ့ပြီး နောက်ထပ် (၃) လအကြာမှာပဲ ဆိုးလ်ရှားဟာ ယူနိုက်တက် နည်းပြအဖြစ်မှ အထုတ်ခံခဲ့လိုက်ရပါတယ် ။ နောက်ပိုင်းထွက်လာခဲ့တဲ့ သတင်းတွေကတော့ ယူနိုက်တက် အမှုဆောင်ချုပ်ဟောင်း အဒ်ဝုဒ်ဝက် ဟာ နည်းပြ ဆိုးလ်ရှား ရဲ့ တောင်းဆိုမှုမပါဝင်ဘဲ ဒီအပြောင်းအရွှေ့ကို စျေးကွက် အကျိုးအမြတ်အရ ဖြစ်မြောက်အောင် လုပ်ဆောင််ခဲ့တာ
![]()