ချယ်လ်ဆီးအသင်း အဓိကဂိုးသမား ဆန်းချက်ဇ် ကျောနံပါတ် (၃၁) အစား ကျောနံပါတ် (၁) ကို ပြောင်းလဲဝတ်ဆင် ကစားမည်
ချယ်လ်ဆီးအသင်း အဓိကဂိုးသမား ဆန်းချက်ဇ်သည် ကျောနံပါတ် အပြောင်းအလဲပြုလုပ်ပြီး ကျောနံပါတ် (၃၁) အစား ကျောနံပါတ် (၁) ကို ပြောင်းလဲ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြု ကြေညာခဲ့သည်။ ဂိုးသမားဆန်းချက်ဇ်သည် လက်ရှိကစားသမား အပြောင်းအရွှေ့ ကာလတွင် ဘရိုက်တန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်း၌ ဂိုးသမားကော့တွိုက်စ်ကို ကျော်ဖြတ်ပြီး ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိနေသူဖြစ်သည်။ ဂိုးသမား ဆန်းချက်ဇ်သည် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ကျောနံပါတ် (၃၁) ကို ဝတ်ဆင်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်တွင် ကျောနံပါတ် (၃၁) ကို ဝတ်ဆင်ကစားခဲ့သော်လည်း လာမည့်ပွဲစဉ်များမှ စတင်ပြီး ကျောနံပါတ် (၁) ကို ပြောင်းလဲဝတ်ဆင် ကစားမည်ဖြစ်သည်။ ပြီးခဲ့သည့်ဘောလုံးရာသီက ချယ်လ်ဆီးအသင်း၌ ကျောနံပါတ် (၁) ကို ဂိုးသမားကီပါက ဝတ်ဆင် ကစားခဲ့ခြင်းဖြစ်ပြီး
![]()