ချဲလ်ဆီးနဲ့ ပတ်သက်ကာ စိုးရိမ်မိတဲ့ အရာ တခု အပေါ် ထောက်ပြလာတဲ့ ဖရန့် လမ်းပတ်

ချဲလ်ဆီးနဲ့ ပတ်သက်ကာ စိုးရိမ်မိတဲ့အရာတစ်ခုအပေါ် ထောက်ပြလာတဲ့ ဖရန့်လမ်းပတ်

ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ နောက်ဆုံး ၁၄ ကြိမ် ဆက်တိုက် ထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရခဲ့တဲ့ ခရစ်စတယ် ပဲလေ့စ် အသင်းကို တစ်ဖက် တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင်တို့ဟာ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ရဲ့ ဂိုးနဲ့ ဦးမဆောင်ခင်မှာရော ၊ ဦးဆောင်အပြီးမှာပါ ဂိုးသွင်းဖို့ အခွင့်အရေး တချို့ ရခဲ့ပေမဲ့ ၊ အဆုံးသတ် မသေချာခဲ့မှုတွေ အပြင် ၊ ပြိုင်ဖက် ဂိုးသမား ဒင်းဟန်ဒါဆင်ကို မကျော်နိုင်ခဲ့တာကြောင့် ရမှတ် ၂ -မှတ် ဆုံးရှုံးခဲ့ရပါတယ် ။

Loading

Read more