
ဆီဗီးလား နဲ့ ပွဲမှာ ရာယာ နှင့် ရမ်စ်ဒေးလ် ဘယ်သူ့ကို ပွဲထွက်အသုံးပြုမလဲ
အာဆင်နယ် အသင်းနည်းပြ အာတီတာ က ဒီကြားရက်မှာကစားမယ့် ဆီဗီးလားအသင်း နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဒေးဗစ်ရာယာကို ဆက်လက် အသုံးပြုသွားမှာ ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပါတယ် ။ စပိန်လက်ရွေးစင် ဒေးဗစ်ရာယာ ဟာ နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲမှာ အမှားတစ်ချို့ ရှိခဲ့ပြီး ချဲလ်ဆီးအသင်းရရှိခဲ့တဲ့ ဒုတိယဂိုး က ရာယာရဲ့ပေါ့ဆမှုကြောင့် ပေးလိုက်ရတာဖြစ်ပါတယ် ။ အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂိုးသမားနေရာအတွက် ပြိုင်ဆိုင်မှုရှိအောင် ဘရန့်ဖိုဒ့်အသင်းကနေ ဒေးဗစ်ရာယာကို အပြီးသတ် ခေါ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။