
အင်တာအနေနဲ့ ‘ကာဟန်နိုဂလူ’ကိုမရောင်းချသင့်ဘူးလို့ ကာပယ်လိုပြောကြား
အီတလီနည်းပြဟောင်း ကာပယ်လိုက အင်တာအနေနဲ့ ကွင်းလယ်လူ ကာဟန်နိုဂလူကိုမရောင်းချသင့်ဘူးလို့ ပြောကြားလိုက်ပြီး အသင်းအတွက်အရေးပါတဲ့ကစားသမားလို့ ထောက်ပြလိုက်ပါတယ်။ ကာဟန်နိုဂလူဟာ အင်တာအသင်းဖလား ၃ လုံးချန်ပီယံဆုအပြင် ကလပ်ကမ္ဘာ့ဖလားကနေထွက်ခွာခဲ့ရမှုမှာ ဝေဖန်ခံနေရပါတယ်။ ဖလူမီးနီးစ်ကို အရေးနိမ့်ခဲ့ပြီးနောက် အသင်းဖော် မာတီနက်ဇ်က အသင်းမှာဆက်မနေချင်ရင်ထွက်ခွာနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။