မန်ယူနိုက်တက် ကစားသမားတစ်ဦးသာ နေရာရနိုင်မယ်လို့ ဆိုလိုက်တဲ့ ဂရေမီဆူးနက်

ဂရေမီဆူးနက်က ယာဂန်ကလော့ ကိုင်တွယ်နေတဲ့ လက်ရှိလီဗာပူးရဲ့ ပွဲထွက် ၁၁ -ယောက်မှာ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်သာ နေရာရနိုင်စွမ်းရှိတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပြီး ယနေ့ညမှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

Loading

Read more

‘ 7-0 ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ရလဒ်ပါပဲ’ မန်ယူနိုက်တက်နဲ့ပွဲမတိုင်မီ လီဗာပူးကို သတိပေးလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ဝေဖန်မှုတွေ ခံနေရတဲ့ မန်ယူနိုက်တက်ကို အထင်သေးလိုက်မယ်ဆိုရင် မှားယွင်းသွားလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ဒီတစ်ပတ်တနင်္ဂနွေနေ့မှာ မန်ယူနိုက်တက်ကို အန်ဖီးမှာ လက်ခံကစားရမှာဖြစ်ပြီး တန်းဟတ်ရဲ့အသင်းဟာ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ကြုံနေရကာ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကို ရှုံးကာ အုပ်စုနောက်ဆုံးနေရာနဲ့ ထွက်ခွာခဲ့ရပါတယ်။

Loading

Read more

ရင်ဆိုင်ရ အခက်ဆုံးနည်းပြ ၊ ဘောလုံးသမိုင်းကြောင်းရဲ့ အကောင်းဆုံးနည်းပြ အမည်တွေကိုထုတ်ပြောလိုက်တဲ့ ပက်ဂွာဒီယိုလာ

မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာ က ပြိုင်ဖက် လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ယာဂင်ကလော့ပ် ဟာ ရင်ဆိုင်ရ အခက်ခဲဆုံး နည်းပြဖြစ်ကြောင်း ၊ ယူနိုက်တက် ဂန္တဝင် ဆာအဲလက်စ် ဖာဂူဆန် ကတော့ သမိုင်းကြောင်းရဲ့ အကောင်းဆုံးနည်းပြဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ်။

Loading

Read more

ပရီးမီးယားလိဂ် Title race ကို ခန့်မှန်းသွားခဲ့တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက အခုဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ နောက်ကနေလိုက်နေရတဲ့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အခွင့်အရေးအပေါ် စတင်သံသယဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ မနေ့က အီတီဟတ်မှာ တော့တင်ဟမ် နဲ့ ၃ -ဂိုးစီ သရေကျကာ ရမှတ် ၂ -မှတ် ဆုံးရှုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ လီဗာပူးဟာ ဖူဟမ်ကို နောက်ကျဂိုးတွေနဲ့အတူ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့အပြင် အာဆင်နယ်ကလည်း စနေနေ့မှာ ဝုဖ်ကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဂန်းနားတို့ဟာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး လီဗာပူးကတော့ မန်စီးတီးကိုကျော်ကာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

Loading

Read more
1 2 3