
Rennes အသင်း တောင်ပံကစားသမား Jeremy Doku ကို ပြောင်းရွှေ့ကြေးပေါင်(၅၁)သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေသည့် မန်စီးတီးအသင်း
မန်စီးတီးအသင်းသည် Rennes အသင်း တောင်ပံကစားသမား Jeremy Doku ကို ပြောင်းရွှေ့ကြေးပေါင် (၅၁) သန်းဖြင့် ခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ပြောင်းရွှေ့ကြေးပေါင်(၅၁)သန်းဖြင့် Jeremy Doku ကို အပြီးသတ်ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်းကို ဘောလုံးသတင်းထောက်ဖာဘရီဇီရိုရိုမာနိုက အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ Jeremy Doku သည် မန်စီးတီးအသင်းနှင့် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုများရရှိပြီးပြီဖြစ်ပြီး သဘောတူစာချုပ် မချုပ်ဆိုခင် ယခုသီတင်းပတ်အတွင်း ဆေးစစ်မှုများ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းအပြင် ချဲလ်ဆီးနှင့် ဝက်စ်ဟမ်းအသင်းတို့သည်လည်း လက်ရှိနွေရာသီအပြောင်းအရွှေ့တွင် Jeremy Doku ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းမှုများရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း Jeremy Doku က ၎င်းသည် မန်စီးတီးအသင်းသို့ပြောင်းရွှေ့ရန်သာ ဆန္ဒရှိကြောင်း ရှင်းရှင်း လင်းလင်းပြောကြားခဲ့ပြီးနောက် လက်ရှိအချိန်တွင် မန်စီးတီးအသင်းနှင့် သဘောတူစာချုပ်ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။