ချဲလ်ဆီး စတားတစ်ဦး သူ့ကို ရေသန့်ဘူးနဲ့ မတော်တဆပစ်ပေါက်ခဲ့မိတဲ့ အပေါ် တုံ့ပြန်ရင်း ပင်နယ်တီ ပင်တိုင်ကန်ရမယ့်သူကို အတည်ပြုလာတဲ့ ပိုချက်တီနို
ချဲလ်ဆီးအသင်းဟာ ယနေ့ညအစောပိုင်းမှာ အနောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲအဖြစ် ဘရန်းဖို့ဒ်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားသွားဖို့ ရှိပါတယ် ။ ပြီးခဲ့တဲ့အပတ်ကလည်း အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရတာမို့ ခြင်္သေ့ပြာတို့ လန်ဒန်ဒါဘီ ၂-ပတ်ဆက်တိုက် နွှဲရခြင်းလည်း ဖြစ်ပါတယ် ။
အာဆင်နယ်နဲ့ ပွဲအတွင်း အင်္ဂလန် ယူ ၂၁ -ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ Break time မှာ ရေသောက်ပြီးနောက် ရေသန့်ဘူးကို ကွင်းဘေးစည်းထဲ ပြန်လည်ပစ်ပေါက်ခဲ့ရာ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုကို မတော်တဆထိမှန်သွားခဲ့ပါတယ် ။
ပါလ်မာဟာ ထိုပွဲအပြီး ချဲလ်ဆီး တီဗွီနဲ့ အင်တာဗျူးမှာ ပိုချက်တီနိုကို တရားဝင်တောင်းပန်ခဲ့ပါတယ် ။ မနေ့ကပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက ထိုအခြင်းအရာနဲ့ပတ်သက်ကာ အခုလိုပဲတုန့်ပြန်လာပါတယ် ။

” ကျွန်တော့ကို ကြီးကြီးမားမား မထိခိုက်ခဲ့တာတော့ ကောင်းတာပေါ့ဗျာ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ပါလ်မာဟာ နောက်ဆုံး ၂-ပွဲဆက်ရခဲ့တဲ့ ပင်နယ်တီ ၂-ကြိမ်လုံးကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပြီး လက်ရှိ ချဲလ်ဆီးအသင်းရဲ့ အဓိက ပင်နယ်တီ ကန်သွင်းသူတစ်ဦးအဖြစ် ရပ်တည်နေပါတယ် ။
သို့ပေမဲ့ ရာဟင်း စတာလင် ၊ နီကိုးလက်စ် ဂျက်ဆင် ၊ အန်ဇို ဖာနန်ဒက်ဇ်တို့ဟာလည်း ပင်နယ်တီ န်သွင်းဖို့လျာထားတဲ့ ကစားသမားတွေ ဖြစ်နေတာကြောင့် ဘယ်သူကပင်နယ်တီ ပင်တိုင်တာဝန်ယူရမလဲဆိုတာ ကွဲကွဲပြားပြား မသိခဲ့ရပါဘူး ။ ပိုချက်တီနိုကတော့ လက်ရှိ ပါလ်မာက နံပါတ်တစ် ပင်နယ်တီ ကန်သွင်းသူဖြစ်ကြောင်း အခုလိုပဲ အတည်ပြုလိုက်ပါတယ် ။
ပိုချက်တီနို က ” ဒီမှာကြည့်ပါ ။ ပင်နယ်တီတာဝန်ယူပေးနိုင်တဲ့ ကစားသမားတချို့ ရှိပါတယ် ။ ဒါကသူတို့ရဲ့ ခံစားချက်တွေနဲ့သာ သက်ဆိုင်တာပါ ။ ကျွန်တော်တို့ဟာ သူတို့ကို ကွင်းတွင်းဆုံးဖြတ်ချက်ချဖို့ ကြီးကြပ်ရတဲ့ နည်းပြအဖွဲ့သာ ဖြစ်ပါတယ် ။ ဘယ်ကစားသမားကိုဖြင့် ပင်နယ်တီတာဝန်ယူရမယ်ဆိုပြီး ကျွန်တော်တို့ မသတ်မှတ်ပေးထားပါဘူး ။ ”
ပိုချက်တီနို က ” သူ မနက်ဖြန်ပွဲမှာ ပါပါလိမ့်မယ် ။ ကျွန်တော် အရမ်းဒေါသထွက်ခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကိုယ့်ကို လာမှန်လိမ့်မယ်လို့ မထင်ခဲ့လို့ပါ ။ ကျွန်တော် လှည့်ကြည့်လိုက်တော ၊ သူက ‘ ဆောရီး ‘ ဆိုပြီး ဟန်အမူအရာ ပြခဲ့ပါတယ် ။ ဒါက နည်းနည်းလေး ကံမကောင်းခဲ့တာပါ ။ ”
” ကိုးလ်ဟာ လောလောဆယ်မှာ ပင်နယ်တီ ၂-ကြိမ်လုံးကို ဂိုးအဖြစ် ပြောင်းလဲပေးထားပါတယ် ။ ဟုတ်ပါတယ် ။ ရာဟင်း ဒါမှမဟုတ် နီကိုးလက်စ် ဂျက်ဆင် စသဖြင့် တစုံတယောက်က အားလုံးရဲ့ ဆုံးဖြတ်ချက်အရ ပင်နယ်တီကန်ဖို့ ယုံကြည်ချက်ရှိတယ် ဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော် ကျေနပ်ပျော်ရွှင်ပါတယ် ။ ”
” ဟုတ်ပါတယ် ။ ပုံမှန်အားဖြင့်တော့ ကိုးလ်က ကွင်းတွင်းမှာ ရှိနေရင် ၊ ပင်နယ်တီ တာဝန်ယူရမဲ့ကစားသမားလို့ ယူဆထားပါတယ် ။ သူ မကစားနေဘူးဆိုရင် ရာဟင်းပဲဖြစ်ဖြစ် ၊ နီကိုပဲဖြစ်ဖြစ် ဘယ်အသင်းသားပဲ ဖြစ်ဖြစ် ပင်နယ်တီ ကန်ကန် ကျွန်တော် ကျေနပ်ပါတယ် ။ ”
” ကျွန်တော့်အတွက် အရေးကြီးတာက ဆုံးဖြတ်ချက် ချနိုင်ဖို့နဲ့ ပင်နယ်တီအတွက် ယုံကြည်မှု ၊ တာဝန်ယူစိတ် ရှိဖို့ပါပဲ ။ ဒါက ပင်နယ်တီ ဖြစ်တာကြောင့် လွဲတာကလွဲသွားနိုင်ပါတယ် ။ ပင်နယ်တီလွဲတာက အမှားတွေထဲကတစ်ခုပါပဲ ။ ကျွန်တော့် အတွက်တော့ ယုံကြည်မှုနဲ့ မှန်ကန်တဲ့ ခံယူချက် ရှိဖို့ကသာ အရေးကြီးပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
Source : Metro.co.uk : Metro.co.uk
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
# ကိုးလ်ပါလ်မာ #ပိုချက်တီနို #ချဲလ်ဆီး #Online #Game #Myanmar #OnlineGameMyanmar
![]()





