
ပွဲပယ်ပြစ်ဒဏ်ထိဖို့ တဝါပဲ လိုတော့တဲ့ ချဲလ်ဆီး စတားထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ အက်စတွန် ဗီလာ အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှိနေပြီး ၊ ပြီးခဲ့တဲ့ ဘုန်းမောက်နဲ့ ပွဲက ပွဲထွက်စာရင်းကို နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနို တယောက် အနည်းငယ် အပြောင်းအလဲ လုပ်လာနိုင်ခြေတော့ ရှိနေပါတယ် ။
သို့ပေမယ့် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကတော့ ပွဲထွက်ခွင့် တနေရာ သေချာပေါက် ရဦးမှာ ဖြစ်ပါတယ် ။ တဖက်မှာ ဂျက်ဆင်ဟာ ရှေ့၅ပွဲမှာ အဝါ ၄-ကြိမ် အထိ ပြသခံထားရတာကြောင့် ဗီလာနဲ့ ပွဲမှာပါ နောက်တဝါ ထပ်ထိခဲ့ရင် တပွဲပယ် ပြစ်ဒဏ် အကျခံရမှာ ဖြစ်ပါတယ် ။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက တိုက်စစ်မှူး တယောက် ဖြစ်တဲ့ ဂျက်ဆင်အဖို့ စောစောစီးစီး ၄ဝါထိထားတာ နမော်နမဲ့နိုင်ကြောင်း သတိပေးခဲ့ပေမယ့် ၊ ၄င်းအပါအဝင် ရောက်လာတဲ့ ကစားသမားသစ်တွေကို အပြစ်မတင်ပဲ အချိန်ပေးဖို့ ထပ်မံ မေတ္တာရပ်ခံသွားပြန်ပါတယ် ။
ပိုချက်တီနို က ” ကျွန်တော် သူနဲ့ ဒီနေ့ပဲ စကားပြောခဲ့ပါတယ် ။ အန်ဇိုနဲ့ သူနဲ့ ကျွန်တော်တို့ ဒီအကြောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ် ။ ကျွန်တော်က သူ့ကို ‘ တိုက်စစ်မှူး တယောက်က ကွင်းလယ်ဒိုင်ကို စောဒက သွားတက်လို့ အလဟဿ အဝါ ၄-ခါ ထိခဲ့တာလေ ၊ လုပ်ပါဦး ‘ လို့ ပြောခဲ့ပါတယ် ။ ”

” ခင်ဗျားဟာ မတူညီတဲ့ လုပ်ရပ်တွေကြောင့် အဝါကတ် အပြခံလို့ ဖြစ်ပါတယ် ။ ဒါပေမယ့် ခုလို စောဒကသွားတက်လို့ အဝါကတ် အပြခံရတာမျိုး ဖြစ်လို့ မရပါဘူး ။ အရမ်း လွယ်လွန်း ၊ ပေါလွန်းပါတယ် ။ ( ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် ) သူဟာ အသင်းကို တကယ်ခက်ခဲတဲ့ အခြေအနေထဲ တွန်းပို့လိုက်သလို ဖြစ်သွားမှာပါ ။ ”
” ဒါကို သူ နားလည်ပါတယ် ။ ဒါပေမယ့် ဂျက်ဆင်ဟာ အသက် ၂၂နှစ်ပဲ ရှိသေးတာပါ ။ သူဟာ ငယ်သေးသလို ၊ သင်ယူလေ့လာဖို့ ၊ တိုးတက်ဖို့လည်း လိုပါသေးတယ် ။ သူဟာ အံ့သြဖွယ် ကစားသမား တယောက် ဖြစ်လာနိုင်တာ မှန်ပေမယ့် ၊ သူ့အတွက် အချိန် လိုပါတယ် ။ ”
” ကျွန်တော်တို့ဟာ အခုလို ကိုယ့်အသင်းသားတွေရဲ့ အကြောင်း ပြောရင်းနဲ့ တခြားကလပ်တွေက ကစားသမားတွေနဲ့ တူညီတဲ့ အချက်တွေ ရှိကြောင်းလည်း ပြောချင်ပါတယ် ။ ဂျက်ဆင်ဟာ အံ့သြဖွယ်ကစားသမား တယောက် ဖြစ်ပေမယ့် ၊ သူဟာ ဂိုးပေါက်ရှေ့မှာ စိတ်အေးအေးထားဖို့ လိုပါတယ် ။ ”
” ခင်ဗျားတို့ အမှတ်ရကြပါ ။ ဗင်နီးဆီးယပ်စ် ဂျူနီယာတောင် ရီးရဲလ်မက်ဒရစ်ကို ရောက်လာအပြီး ၂ရာသီ ၊ ၃ရာသီလောက်ကြာမှ ခြေစွမ်းစပြလာနိုင်တာပါ ။ လူငယ် ကစားသမားတွေရဲ့ အကြောင်း ပြောနေတာကို ကျွန်တော်တို့ အမြဲ မေ့နေကြပါတယ် ။ ”
” ခင်ဗျားတို့ ကျွန်တော့ကို ဒါမှမဟုတ် ၊ ကျွန်တော်တို့ ( နည်းပြအဖွဲ့ ) ကို အပြစ်တင်ချင် တင်လို့ရပါတယ် ။ နည်းစနစ် အခင်းအကျင်းတွေ အကြောင်း ဝေဖန်ချင် ဝေဖန်လို့ ရပါတယ် ။ ဒါပေမယ့် သူတို့လေးတွေက အချိန်လိုပါတယ် ။ ကျွန်တော်တို့ဟာ အံ့သြဖွယ် ပင်ကို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတယ် ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး ။ ”
” ဒါပေမယ့် သူတို့ဟာ အသင်းမှာ အထိုင်ကျဖို့ အချိန် လိုအပ်ပြီး ၊ မကြာခင်မှာ သူတို့ဟာ ကျွန်တော်တို့ မျှော်မှန်းထားသလို ခြေစွမ်း ပြလာနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက ဂျက်ဆင် အနေနဲ့ ရှေ့ဆက် ကွင်းတွင်း စည်းကမ်းထိန်းသိမ်းမှု ပိုကောင်းလာဖို့ ဘာတွေပြုပြင်သင့်လဲ ဆိုတာ အခုလိုပဲ အကြံပြုခဲ့ပါတယ် ။
ပိုချက်တီနို က ” ( ဒိုင်တွေကို စောဒကတက်တာက ) သူ့ရဲ့ ပုံမှန် အမူအကျင့် တရပ် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ဒါက သူ ပြုပြင်ဖို့ လိုတဲ့ အရာ တခုပါပဲ ။ ဒီရာသီမှာ သူတို့ဟာ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလိုက်တာပါ ။ သူဟာ ဒိုင်တွေနဲ့ ပြောဆိုဆက်ဆံရေး မတူတဲ့ စပိန်မြေကနေ ဒီကို ပြောင်းလာတာပါ ။ ”
” အင်္ဂလန်မှာက ဒိုင်တွေနဲ့ ပတ်သက်လာရင် ပိုပြီး ဆတ်ဆတ်ထိမခံကြပါဘူး ။ သူ့အနေနဲ့ ပါးနပ်ဖို့ ၊ ဒိုင်တွေကို စောဒက မတက်ဖို့ လိုပါမယ် ။ တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ဟာ သူရဲ့ ပထမဆုံး လုပ်ရပ်က အဝါကတ် ဖြစ်တယ် ဆိုတာထက် သူ့ရဲ့ လိမ္မာပါးနပ်မှု အကြောင်းပဲ ပြောရဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
Source : Chelseafc
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link