Al-Hilal နှင့် လုပ်ခလစာယူရိုသန်း(၁၆ဝ)ရရှိမည့် (၂)နှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုရန် သဘောတူညီခဲ့တဲ့ နေမာ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဖြစ်သည့် အသက်(၃၁)နှစ်အရွယ် နေမာသည် ဆော်ဒီအာရေးဗျကလပ် Al-Hilal အသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

နေမာသည် လုပ်ခလစာယူရိုသန်း(၁၆ဝ)ရရှိမည့် (၂)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို Al-Hilal အသင်းနှင့် ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် နေမာကို Al-Hilal အသင်းထံ ရောင်းချရန် သဘောတူညီခဲ့ပြီးဖြစ်ပြီး နေမာဖက်ကလည်း စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် ယူရို(၂၂၂) သန်းဖြင့် ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ပြောင်းရွှေ့လာခဲ့သော နေမာသည် လက်ရှိနွေရာသီတွင် အသင်းမှ ထွက်ခွာလိုသည်ဟု ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများကို အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသင်းတာဝန်ရှိသူများသည် အစောပိုင်းတွင် နေမာကို ထွက်ခွါခွင့်မပြုခဲ့သော်လည်း လက်ရှိအချိန်တွင် Al-Hilal အသင်းသို့ ရောင်းချရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နေမာသည် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ ရန် စိတ်အားထက်သန်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် Al-Hilal အသင်းနှင့် စာချုပ် ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေမာသည် ပြီးခဲ့သည့်မတ်လတွင် ခြေကျင်းဝတ်အရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် လေ့ကျင့်ကွင်းသို့ လာရောက်ကစားခြင်းနိုင်ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ပီအက်စ်ဂျီအသင်းတွင် ခြောက်နှစ်ကြာ ကစားခဲ့သော တိုက်စစ်မှူးအမ်ဘာပေသည် လေ့ကျင့်ရေးများတွင် ပြန်လည်ပါဝင်ခဲ့သော်လည်း အသင်းမှ ထွက်ခွာ သွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ထို့အပြင် နေမာသည် Al-Hilal အသင်းတွင် ကူလီဘာလေ၊ ရူဘင်နီဗက်စ်၊ မယ်လ်ကွန် တို့နှင့်အတူ ချိတ်ဆက် ကစားသွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Source – Skysports

ဂိမ်းအကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – 👉 Link

Loading

One comment

Leave a Reply

Your email address will not be published. Required fields are marked *