ခံစားချက်တွေ တခုတ်တရ ထုတ်ပြောလာတဲ့ အမရာဘတ်

ခံစားချက်တွေ တခုတ်တရ ထုတ်ပြောလာတဲ့ အမရာဘတ်

နွေတုန်းက ယူနိုက်တက်တို့ အငှား ခေါ်ယူခဲ့ကြတဲ့ ဖီအိုရင်တီးနား အသင်းရဲ့ ကွင်းလယ်လူ ဆိုဖီယံ အမရာဘတ် က သူပြောင်းလိုတဲ့ အသင်းဆိုလို့ ယူနိုက်တက် တစ်သင်းသာရှိကြောင်း ၊ အဲရစ် တန်ဟတ် ဟာ ဒီရာသီ ကြီးမားတဲ့ အရာ တစ်ခုခုကို လုပ်ပြလိမ့်မယ်လို့ ယုံကြည်ကြောင်း ခရစ္စတယ် ပဲလေ့စ် နဲ့ နိုင်ပွဲအပြီး ပြောကြားသွားခဲ့လိုက်ပါတယ် ။

” ဒီကို ပြောင်းရွှေ့လာဖို့ တကယ့်ကို ခက်ခဲခဲ့ရပါတယ် ။ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံးပွဲဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ကစားခဲ့ရတဲ့ ကွန်ဖရန့်စ် လိဂ် ပွဲစဥ်အပြီးမှာ ကျွန်တော့်အတွက် အပြောင်းအရွှေ့ စျေးကွက်ဟာ စတင် ဖွင့်လှစ်လာတော့တာပါပဲ ”

” အသင်းတွေ အများကြီးနဲ့ စကားပြော ၊ ဆွေးနွေးခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်တော့် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီပဲ ပြောင်းချင်တယ်ဆိုတာ ရှင်းလင်းခဲ့ပါတယ် ။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ လတွေဟာ အရမ်းကို ကြာရှည်လွန်းခဲ့ပါတယ် ”

” တကယ့်ကို ခက်ခဲလွန်းလှတဲ့ ရက်စွဲတွေပေါ့ ။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော် ဒီကိုရောက်လာနိုင်ခဲ့ပါတယ် ။ ဒါဟာ ကျွန်တော့် ဘဝအတွက် အရေးအကြီးဆုံး အခိုက််အတန့်ပါပဲ ။ လက်ရှိ အချိန်မှာ ကျွန်တော့်ရဲ့ အနာဂတ် အကြောင််း တွေးကို မတွေးထားပါဘူး ”

” ကျွန်တော့်အတွက်တော့ ဒီကနေ့မှာ ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားပါပဲ ။ ကျွန်တော်လုပ်နိုင်တာက အားလုံးလုပ်ပြီး အသင်းအတွက်် ပေးဆပ်သွားဖို့ ဆုံးဖြတ်ထားပါတယ် ။ အသင်းကို ကူညီိနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ ”

” ကျွန်တော်တို့မှာ အံ့ချီးဖွယ်ကောင်းတဲ့ ဘောလုံး ရာသီတစ်ခု ပိုင်ဆိုင်ရဖို့ မျှော်လင့်နေပါတယ် ။ ကျွန်တော်တို့ ဒီရာသီမှာ တစ်စုံတစ်ရာကို ဆွတ်ခူးပြီး ဘာတွေ ဆက်ဖြစ််လာမလဲဆိုတာကို ဆက်လက် စောင့်ကြည့်သွားဖို့ပဲ လိုပါတယ် ”

” သိပ်သေချာတာပေါ့ ၊ ကျွန်တော်ဟာ ဒီမှာပဲ ဆက်နေချင်သူပါ ။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ ဟိုး အဝေးကြီးကို ကြည့်ဖို့ ဆန္ဒမရှိသေးပါဘူး ။ အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက် ကစားပေးခွင့် ရရှိတာက တကယ့်ကို အံ့ဖွယ် ခံစားချက် ဖြစ်စေခဲ့ပါတယ် ”

” အိုးလ် ထရပ်ဖို့ဒ် မှာ အခုလို ကစားရဖို့က ကျွန်တော့်ရဲ့ အိပ်မက်ပဲလေ ။ ကျွန်တော် ငယ်ငယ်လေး ကတည်းက ဒီလိုရက်စွဲမျိုး ပိုင်ဆိုင်ဖို့ နေ့စဥ်နဲ့အမျှ ကြိုးစားခဲ့ရတာလေ ။ အခုလို ဒီမှာ ရှိနေရတာက ကျွန်တော့်ရဲ့ အိပ်မက်ကြီး တစ်ခုပါပဲ ။ ကျွန်တော့်အတွက် အံ့ဖွယ် ရက်စွဲပါပဲ ”

” ကျွန်တော်တို့ အသင်းမှာ အရည်အသွေးကောင်းတွေ အများကြီး ရှိနေတာကြောင့် တစ်စုံတစ်ခု လုပ်ပြနိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိပါတယ် ။ အသင်းမှာ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေလို့ ကံဆိုးနေခဲ့ရတာလေ ။ ဒဏ််ရာ ပြသနာက အသင်းတိုင်းကို ခက်ခဲစေပါတယ် ”

” ဒါပေမဲ့ အသင်းမှာ အရည်အသွေးကောင်းသူတွေ အများကြီိး ရှိနေဆဲပါ ။ အသင်းမှာ အံ့ဖွယ် နည်းပြတစ်ဦး နဲ့ ထူးကဲလွန်းတဲ့ ပရိသတ်ထုကြီးလည်း ရှိနေတယ်လေ ။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်စုံတစ်ခု လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ​ယုံကြည်နေတာပါ ” လို့ အမရာဘတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

Source: independent.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *